Tuesday, December 8, 2015

သင့်ဖုန်း ဘက်ထရီကြာကြာ အသုံးခံစေမည့် နည်းလမ်း (၁၀) မျိုး



အားလုံးပဲမင်္ဂလာပါ...ကျွန်တော် ဒီနေ့အဖို့တော့ သင့်ဖုန်း ဘက်ထရီကြာကြာအသုံးခံစေမယ့် နည်းလမ်း (၁၀) မျိုးကို ရေးသားဖော်ပြလိုက်ပါတယ်။
ယခု ကျွန်တော်တို့ရောက်ရှိနေတဲ့ ခေတ်ကြီးဟာ Smart Phone ခေတ်ဆိုလည်းမမှားပါဘူး။ ယခုဆိုကျွန်တော်တို့ မြန်မာနိုင်ငံမှာတောင်လူတန်းစေ့
နည်းပါးကို ဖုန်းကိုင်နိုင်နေကြပါပြီ။     စက်ပစ္စည်းဆိုတဲ့အတိုင်း အသုံးပြုတာကြာာလာရင်တော့ Performance ပိုင်းမှာအားနည်းလာတာအမှန်ပါပဲ။
နောက်တစ်ခုကတော့ ကျွန်တော်တို့  Battery  နဲ့အလုပ်လုပ်တဲ့ပစ္စည်းတွေ အထူးသဖြင့်လက်တော့တို့၊ ဖုန်းတို့ပေါ့။ Battery သက်တမ်းဟာလည်း
အသုံးပြုသည့်အလျောက် နဂိုလောက်ကြာရှည်မခံတော့ဘူးဆိုတာစာဖတ်မိတ်ဆွေတို့   လည်းသတိထားမိကြမှာပါ။ တကယ်တမ်းကျတော့အသုံးပြု
သူပေါ်မှာလည်းမူတည်တယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။  ကျွန်တော်အခုဖုန်းဘက်ထရီကြာကြာအသုံးခံဖို့ ဘယ်ဆော့ဝဲလ်တွေသုံးပါလို့ ညွှန်းမှာမဟုတ်ပါဘူး။ ဖုန်းအသုံးပြုသူတစ်ယောက်အနေနဲ့သိထားသင့်တဲ့ဆောင်ရန်ရှောင်ရန်အချက်လေးတွေကိုဖော်ပြပေးသွားမှာဖြစ်လို့ သင်ကိုယ်တိုင်လည်းဗဟုသုတရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။

၁. ဖုန်းပိတ်ထားရမယ်. ဒါကဒီလိုရှိပါတယ်။ ဖုန်းကိုဖွင့်ပြီး အားသွင်းတာနဲ့ ပိတ်ပြီးအားသွင်းတာနဲ့စာရင် ပိတ်ပြီးအားသွင်းတာက
    အားလည်းအပြည့်မြန်သလို ဘက်ထရီကိုလည်းထိန်းသိမ်းရာရောက်တဲ့အတွက်ကြောင့် ညအိပ်တဲ့အချိန်ဖြစ်ဖြစ်
    ကိုယ်အားတဲ့အချိန်လေးမှာဖုန်းပိတ်ပြီးအားသွင်း  မယ်ဆိုဘက်ထရီအားကိုအပြည့်ရရှိမှာပါ။

၂. ဂိမ်းကစားနေတာစဉ် အင်တာနက်သုံးနေစဉ်အချိန်မှာ ဖုန်းအားမသွင်းပါနဲ့။ မဖြစ်တော့မှသာသွင်းပါ။ နောက်ပြီး ဘက်ထရီကို
    အားကုန်သည်အထိ(သို့)အားကုန်ခါနီးထိအသုံးပြုခြင်းကို တတ်နိုင်သမျှရှောင်ကျဉ်ပါ။


၃. Vibration Function ကလည်း ဘက်ထရီအားကိုစားစေပါတယ်။ တချို့ဖုန်း Home key တို့ Back key တို့ကိုနှိပ်ရင် Vibration
    ဖြစ်ဖြစ်သွားပါတယ်။ ဒီဘာမှမဟုတ်တာလေးတွေကလည်း အားကုန်စေတာမို့ အသုံးမလိုရင် Off ထားတာအကောင်းဆုံးပါ။


၎. ဖုန်းမှာ Live wallpaper တွေသုံးခြင်းကလည်း ဘက်ထရီကိုကုန်စေပါတယ်။ ဒါ့အပြင် Ram နေရာယူများလို့ မသုံးတာကောင်း
    ပါတယ်။

၅. AMOLED သုံးတဲ့ဖုန်းအများစုမှာ Wallpaper ကိုအဖြူရောင်ထားတာထက် အမဲရောင်ပါတဲ့ Wallpaper ကအလင်းထုတ်အား
    နည်းလို့ ဘက်ထရီစားသက်သာစေမှာပါ။

၆. အခုဖုန်းတော်တော်များများကတော့ Lithium battery ကိုပဲသုံးတာများပါတယ်။ အရင်ကဆို Nickel battery တွေကိုသုံးပါတယ်။
    နောက်ပြီးကျွန်တော်ကြားဖူတာလေးပါ။ ကျွန်တော်တို့ဖုန်းစစဝယ်တဲ့အခါမှာ ပါရှိပြီးသားဖြစ်တဲ့ ဘက်ထရီကိုကုန်ခါနီးအထိသုံးပြီး
    နောက်ထပ်အားအသစ်ပြန်သွင်းရင် Maximum capacity ရရှိဖို့ Lithium battery အသုံးပြုထားတဲ့ဖုန်းတွေကို၅နာရီကနေ ၆နာရီ
    လောက်ထိအားသွင်းရတယ်လို့ဆိုပါတယ်။ အဲ့ဒိတစ်ခါပြီးရင်တော့ နဂိုအတိုင်းအားပြန်သွင်းနိုင်ပါတယ်။

၇. နောက်တစ်ခုသတိထားရမှာက Lithium battery တွေကိုအားပြည့်တဲ့အထိမသွင်းဖို့ပါပဲ။ ဒါကတော့အထူးဂရုစိုက်နိုင်မှပါ။
    အားပြည့်တဲ့အထိမသွင်းနဲ့ဆိုတာက ၉၀% လောက်မှာရပ်ထားလိုက်တာမျိုးကိုဆိုလိုတာပါ။ ကြုံတုန်းလေးပြောပါဦးမယ်။
    Laptop တွေမှာလည်းဒီလိုပါပဲ။ ပညာရှင်တွေကတော့ ၈၀% မှာအားသွင်းတာရပ်ပြီး ၄၀% အောက်ရောက်ရင် အားပြန်သွင်းတာ
    အကောင်းဆုံးပါလို့ဆိုထားပါတယ်။

၈. စက်ပစ္စည်းဆိုတဲ့အတိုင်း အေးတာကိုကြိုက်တာပေါ့။ ပူရင် Performance ပိုင်းတွေကျဆင်းလာမယ်၊ ဟိုဟာဒီဟာတွေဖြစ်လာမယ်။
    အဲ့ဒိတော့ ရေခဲသေတ္တာထဲထည့်ထားတာကောင်းတာပေါ့။ ဟဲဟဲ..နောက်တာပါ။ ဒါနဲ့ပြောရပါဦးမယ်။ ဖုန်းကဂိမ်းတွေတအားဆော့
    လို့တော်တော်ပူလာမှ အေးသွားအောင် ရေးခဲသေတ္တာထဲပြေးမထည့်နဲ့နော်။ အပူနဲ့အအေးနဲ့တွေ့ပြီး ကွိုင်တက်နေမယ်။ လိုရင်းတောင်
    မရောက်တော့ဘူး။ တော်ရုံအပူကိုခံနိုင်ပေမယ့် ဖုန်းကိုကားထဲမှာထားခဲ့တာတို့ နေအလင်းရောင်အောက်မှာအချိန်ကြာကြီးထားမယ်ဆို
    ရင်တော့ မကောင်းပါဘူး။

၉. နောက်တစ်ခုအကြံလေးပေးချင်တာကတော့ ဘက်ထရီဖြုတ်လို့တပ်လို့ရတဲ့ ဖုန်းတွေဆိုအပေါ်ကပုံလေးအတိုင်းထိပ်ဖျားလေးကို
    နားကြပ်တံလေးနဲ့ဖြစ်ဖြစ် ဂွမ်းနဲ့ဖြစ်ဖြစ်ပွတ်ပြီး သန့်ရှင်းပေးနိုင်ပါတယ်။ အဲ့ဒိလိုနေရာလေးတွေမှာ ဖုန်တို့ အညစ်အကြေးတစ်ခုခု
    ကပ်နေရင် Energy transfer လုပ်တာနှောင့်နှေးနိုင်ပါတယ်။

၁၀. နောက်ဆုံးတစ်ခုအနေနဲ့ကတော့ ဘက်ထရီသွင်းရင် Original charger နဲ့သွင်းပေးပါ။ ဒီဖုန်းအတွက် ထုတ်လုပ်သူတွေကသူ့နည်းသူ့ဟန်
      နဲ့ထုတ်ထားတာဖြစ်လို့ Charger ပျောက်သွားတာတို့ဆို အခြားဖုန်း Charger တွေနဲ့မသွင်းပဲ Original Charger ကိုဝယ်ပြီးအားသွင်းဖို့
      တိုက်တွန်းပါရစေ။

wifiHow မှ မှီငြမ်းပြီးရေးသားထားတာဖြစ်လို့ အမှားအယွင်းပါခဲ့ရင် ခွင့်လွှတ်ပေးပါခင်ဗျာ။ ........ ITWARE -II-

0 ယောက် ကွန်မန့်ပေးသွားသည်။:

ကျွန်တော်၏ဝန်ခံချက်

စာချန်ထားခဲ့ပါ ....

နိုင်ငံအလိုက်လည်ကြသူများ

Flag Counter

လာရောက်ကြည့်ရှုသူများ