Showing posts with label နည်းပညာဆိုင်ရာ. Show all posts
Showing posts with label နည်းပညာဆိုင်ရာ. Show all posts
Saturday, July 2, 2016

Write Protection ဆိုတာဘာလဲ? ဘယ်လိုဖျက်လို့ရနိုင်မလဲ?


 
Write Protection ဆိုတာ USB နဲ့ SD card တို့မှာ ဖြစ်လေ့ဖြစ်ထရှိတဲ ပြသနာပါ။ SD Card နဲ့ တချို့ USB တွေမှာဆို Lock switch လေးရှိပါတယ်။ အဲ့ဒါကို On ထားတာကြောင့်လည်း  ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Write Protection ဖြစ်တယ်ဆိုတာ USB နဲ့ SD card ကြောင့်မဟုတ်ဘဲ တခြားအကြောင်း အရာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လို အကြောင်းကြောင့် ဖြစ်တယ်ဆိုတာ သေချာသိဖို့ နည်းလမ်းအချို့နဲ့ ဖြေရှင်းနည်းကို ဖော်ပြထားပါတယ် ...

မန်မိုရီစတစ် (USB) ဖြင့် ဝင်းဒိုးတင်နည်း (Windows 7 တင်နည်းအပါအဝင်)




ဒီပိုစ့်လေးက Desktop ဖြစ်ဖြစ် Laptop ဖြစ်ဖြစ် အခွေထည့်တဲ့ Driver အလုပ်မလုပ်ခဲ့လျှင် မန်မိုရီစတစ် (USB) ကနေပြီး Windows တင်လိုသူများအတွက် ရည်ရွယ်ပါတယ်။ နောက်ပြီး Windows 7 တင်နည်းလေးပါထည့်ပေးထားပါတယ်။ ကွန်ပျူတာနဲ့ ရင်းနီးကျွမ်းကျင်သူအတွက်တော့ လွယ်ကူပေမယ့် ... မရင်းနီးသေးတဲ့ သူတွေအတွက်ကတော့ ယောင်လည်လည်ဖြစ်နေမှာပါ။ ဒါကြောင့် ဒီပိုစ့်လေးမှာ USB  ကနေဝင်းဒိုးတင်ဖို့ ဘာတွေလိုအပ်တယ်။ ဘယ်လိုလုပ်ရတယ်ဆိုတာလေးကိုပြောပြပေးသွားပါမယ်။ USB ကနေ Windows တင်မှာဖြစ်တာကြောင့် USB ထဲကို Windows Installation ဖိုင်တွေကူးသွင်းဖို့ ဆော့ဝဲလေးလိုပါလိမ့်မယ်။ Advance user တွေအတွက် command line ကနေ လုပ်လို့ရပေမယ့် သာမန်အသုံးပြုသူတွေ အတွက်တော့ ဆော့ဝဲနဲ့လုပ်တာ ပိုပြီးလွယ်ကူမယ်လို့ထင်ပါတယ်။ အသုံးပြုမယ့်ဆော့ဝဲလေးကတော့ Rufus ပါ။ ဖိုင်ဆိုဒ်လည်းသေးပြီး  အသုံးပြုရလွယ်ပြီး လူသုံးများပါတယ်။ မရှိသေးရင် ဒီလင့် မှာဒါင်းလော့လုပ်နိုင်ပါတယ်။

အရင်ဆုံး တင်လိုတဲ့ Windows ရဲ့ image file လိုအပ်ပါတယ်။ ( image file ဆိုတာ .iso format နဲ့ဆုံးတဲ့ဖိုင်ကို ခေါ်တာပါ။) သင့်မှာ image file မရှိဘူး။ Installation file ပဲရှိတယ်ဆိုရင်တော့ သူတို့ကို  image file ပြောင်းပေးရပါလိမ့်မယ်။ image ဖိုင်မရှိတဲ့ သူတွေကတော့ image file လုပ်ရမှာဆိုတော့ နည်းနည်းအလုပ်ရှုပ်ပါလိမ့်။ image ဖိုင်လုပ်နည်းကို ဒီလင့် မှာသွားရောက်လေ့လာ နိုင်ပါတယ်။  ကဲ ..အခု သင့်မှာ Windows တင်ဖို့ image file အဆင်သင့်ရှိနေပြီလို့ ယူဆလိုက်ပါမယ် ... 


Wednesday, January 6, 2016

ကွန်ပျူတာကို မြန်စေမည့် နည်းလမ်း (၃) မျိုး



ကျွန်တော်လည်းဘလော့နဲ့ အဆက်အသွယ်ပျက်နေတာ တော်တော်ကြာသွားပြီ။ အဲ့ဒိတော့ အားလုံးအတွက်အကျိုးရှိစေမယ့် ပိုစ့်လေးရေးသားလိုက်ပါတယ်။ ခေါင်းစဉ်ကအတိုင်းပဲ ကျွန်တော်ဒီနေ့ ကွန်ပျူတာကို မြန်စေမည့် နည်းလမ်းအချို့ကိုဖော်ပြပေးသွားပါ့မယ်။ ကျွန်တော်ကိုယ်တိုင်လည်း စမ်းကြည့်ပြီးသားဖြစ်တာကြောင့် တကယ့်နည်းလမ်းကောင်းလေးလို့ ပြောချင်ပါတယ်။ ဘာဆော့ဝဲလ်မှမလိုဘူးနော်။

Thursday, December 31, 2015

CD / DVD များရဲ့မသိသေးသောအကြောင်းအရာအချို့ နှင့် ထိန်းသိမ်းနည်း



ကျွန်တော်လေ့လာနေတဲ့ ပညာရပ်ကနေ ဒီနေ့ကျွန်တော် CD / DVD နဲ့ပက်သက်တာလေးတွေနဲ့ အများစုမသိသေးတာလေးတွေကို စာဖတ်သူတို့ ဗဟုသုတရအောင် မျှဝေပေးချင်ပါတယ်။ သူတို့အကြောင်းလေးတွေအပြင် ဆက်စပ်မှုရှိတာလေးတွေကိုလည်း ရေးသားထားတာကြောင့် ဒီအကြောင်းအရာလေးကိုဖတ်ပြီးရင်တော့ CD / DVD အကြောင်းအရင်ထက်ရင်းနှီးကျွမ်းဝင်မှာဖြစ်သလို ဗဟုသုလည်းရရှိမှာဖြစ်တာကြောင့် အချိန်လေးပေးပြီးဖတ်စေလိုပါတယ်။

Thursday, December 17, 2015

Root ဆိုတာဘာလဲ၊ ဘာ့ကြောင့် Root ဖောက်ကြသလဲ။



ကျွန်တော်လည်း အခုနောက်ပိုင်း ပိုစ့်တွေမတင်ဖြစ်တာတောင်းပန်ပါတယ်။
ဘလော့သာရေးနေတာ ဖုန်းအကြောင်းသိပ်မသိသလောက်ပါပဲ။ တချို့ကလည်းမေးတယ်။
 ROOT လုပ်ရင်ဘာတွေကောင်းလဲ ဘာတွေဖြစ်လဲ စသဖြင့်ပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း 
သိပ်နားမလည်းသေးတာကြောင့်  ကျွန်တော်လေ့လာနေဆဲဖြစ်တဲ့ ဘလော့ကနေ ROOT  
အကြောင်းကို မျှဝေပေးလိုက်ပါတယ်။ စာဖတ်မိတ်ဆွေတို့အတွက် ဗဟုသုတရရှိမှာ အမှန်ပါ။
မူရင်းဘလော့ကို ဒီမှာ သွားကြည့်လို့ရပါတယ်ခင်ဗျာ။

Root ဖေါက်နည်း လမ်းညွှန်

သင်ဒီ Post ကိုဖတ်နေပြီဆိုတာနဲ့  သင် ဟာ Root ဖေါက်ဖူးသူ ဒါမှမဟုတ် Root ဖေါက်ရန်တွေးတောကြံစည်နေသူဖြစ်ဖို့  များပါတယ်။ ကျနော့်အမြင်ပေါ့ ကျနော်တို့ ဟာ Root ဖေါက်ဖို့ စဉ်းတောင်မစဉ်းစားခဲ့ ဖူးကြပေမဲ့ ကျနော်တို့ တွေရဲ့အတွေး စိတ်ကူးတွေမှာ Root ဖေါက်ဖို့ ရန်စိတ်ညွတ်နေကြသူများဆိုတာကိုတော့ ငြင်းနိုင်မယ်မထင်ဘူး။ ဒါပေမဲ့ ကျနော်တို့ ရဲ့ ဖုန်း ထိခိုက်ပျက်စီးမှာကိုတော့ထဲ့မစဉ်းစားမိခဲ့ကြဘူး။ ကျနော့်ရည်ရွယ်ချက်ကတော့ လမ်းကြောင်းတစ်ခု ရည်ရွယ်ချက်တစ်ခုခုကနေ ယိမ်းယိုင်မသွားစေချင်ဘူး။ လုပ်တော့မယ် ဆိုတဲ့ဆုံးဖြတ်ချက်ကို ဆက်လက်ကြိုးစားလုပ်ဆောင်စေချင်တယ်။ ဒီအတွက်လည်း ကျနော့ရဲ့ ပထမဆုံးအတွေ့ ကြုံ တွေ ဗဟုသုတ တွေကိုမျှဝေပေးချင်တယ်။ သင့်ရဲ့ကိုယ်ပိုင် ဆုံ့ ဖြတ်ချက်တွေကို ကျနော့ ဗဟုသုတတွေနဲ့ အထောက်ကူပြု ပေးချင်လို့  ဒီ Post ကိုကြိုး စားရေးတင်ပေးလိုက်တာဖြစ်ပါတယ်။ ဖောက်ခြင်းအလုပ်ကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်ရှင်းမပြသေးခင် Root ဖေါက်ခြင်းရဲ့အယူအဆ တွေကို မိတ်ဆက်သဘောအရင် ရှင်းပြချင်သေးတယ်။
Root မဖေါက်သေးခင် လုပ်ဆောင်ရမည့်အချက်များ အထောက်ထားဖြစ်အောင်ဖတ်သင့် သည်များ Root ဖေါက်ခြင်း၏
အကျိုးကျေးဇူးများ Root ဖောက်ပြီးသွားပါက လုပ်ဆောင်စရာများကို ပြောပြပေးချင်ပါတယ် .....
 
Monday, December 14, 2015

Facebook Account တစ်ခု ကို Crack လုပ်ဖို့ ဖြစ်နိုင်ပါ့မလား ?




ဒီတစ်ခါ Facebook Account တစ်ခုကို Crack လုပ်ဖို့ ဖြစ်နိုင်မလား မဖြစ်နိုင်ဘူးလား ဆိုတာကို လေ့လာကြည့်ကြရအောင်။

အရင်ဆုံး Hacking A Facebook Account နဲ့  Cracking A Facebook Account ဆိုတာ မတူညီတဲ့ term နှစ်ခု ဖြစ်တယ်ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။

Hacking A Facebook Account ဆိုတာက foolproof methods တွေဖြစ်တဲ့ Phishing တို့  Keylogger တို့ စသည့် နည်းလမ်းပေါင်းစုံ ဖြင့် account တစ်ခုကို ရယူခြင်းဖြစ်ပါတယ်.... ( မှတ်ချက် ။ ။ အခြား methods တွေအများကြီး ရှိပါသေးတယ် )

Cracking A Facebook Account ဆိုတာကတော့ Bruteforce Attack တို့  Dictionary Attack တို့ ဖြင့် password ကို crack လုပ်ပြီ account တစ်ခုကို ရယူခြင်းဖြစ်တယ်လို့  အကြမ်းဖျင်းအားဖြင့် ဆိုနိုင်ပါတယ်။
Sunday, December 13, 2015

မန်မိုရီစတစ်ထဲ ဖိုင်ကူးတာ ယူတာမြန်အောင်လုပ်နည်း



အားလုံးပဲမင်္ဂလာပါ ..... ဒီနေ့တော့ မန်မိုရီစတစ်ထဲ ဖိုင်ကူးတာ ယူတာမြန်အောင် လုပ်မယ့်နည်းလေးရေးသားဖော်ပြလိုက်ပါတယ်။
ကျွန်တော်တို့ ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ဖိုင်ဆိုဒ်သေးသေးလေးကအစ ရွှေ့ပြောင်းရာမှာ Pen drive (or) USB ကိုအများဆုံးအသုံးပြု
ကြပါတယ်။ ကျွန်တော်တို့လက်ရှိအသုံးများတဲ့ USB port version ကတော့ USB 2.0 ပါ။ File Transfer rate က 35mbps နှုန်းရှိပါတယ်။
သို့ပေမယ့်လည်း ဖိုင်ဆိုဒ်ကြီးလေကြာလေ ဆိုတာကို စာဖတ်မိတ်ဆွေတို့လည်းသိကြမှာပါ။ ကြာတယ်ဆိုတဲ့စကားကို လူတိုင်းမကြိုက်ကြပါဘူး။
ဒါကြောင့် မန်မိုရီစတစ်ထဲ ဖိုင်ကူးတာ ယူတာမြန်အောင် လုပ်နည်းအချို့ကို အောက်မှာဖော်ပြလိုက်တယ်။
Saturday, December 12, 2015

Windows 10 မှာမြန်မာလိုပေါ်အောင်လုပ်နည်း


တချို့လည်း Windows 10 မှာမြန်မာလိုမပေါ်လို့နည်းလမ်းလေးတွေ တောင်းဆိုနေတာတွေ့ရတာနဲ့ ကျွန်တော်လည်းမနေ့က Windows 10 Pro Insider 64bit        လေးသွင်းပြီးလုပ် ကြည့်လိုက်ပါတယ်။     ချောချောမူမူပဲရသွားပါပြီ။ အဆင်မပြေသေးတဲ့သူများအတွက် မျှဝေပေးလိုက်ပါတယ်။လုပ်နည်းလေးကို အောက်မှာကြည့်ရှုနိုင်ပါတယ်။

Safe Mode သို့ဝင်နည်း



ကျွန်တော်တို့သာမန်ဆို Safe mode ဝင်မယ်ဆိုရင် Windows ကို Restart လုပ်ပြီး F8 ကိုနှိပ်ပြီးဝင်ရပါတယ်။ ဒီနည်းကတော့လူတိုင်းနီးပါး
သိပါတယ်။ တကယ်လို့ သင့်ကီးဘုတ်က တစ်ခုခုဖြစ်ခဲ့လို့  F8  နဲ့ Safe mode ဝင်လို့မရခဲ့ရင်  နောက်တစ်နည်းနဲ့လည်းဝင်လို့ရတယ်ဆိုတာ
 ပြောပြချင်ပါတယ်။


Friday, December 11, 2015

Shutdown Virus လေးဖန်တီးကြမယ်။



ခုတလောနည်းပညာပိုင်းလေးတွေလေ့လာရင်း Shutdown Virus ဖန်တီးနည်းလေးကိုတွေ့တာနဲ့မျှဝေပေးလိုက်ပါတယ်။
လုပ်နည်းလေးကလည်းလွယ်တဲ့အတွက်ကြောင့် မည်သူမဆိုစမ်းကြည့်လို့ရပါတယ်။ Shutdown Virus ဆိုတဲ့အတိုင်း
ဒီ Virus ကိုနှိပ်မိရင်ကွန်ပျူတာကို Shutdown ဖြစ်သွားမှာပါ။ လုပ်နည်းလေးကိုအောက်မှာပုံလေးတွေနဲ့ရှင်းပြထားပါတယ်။

Viber မှာ မလိုအပ်တဲ့ ဖုန်းနံပါတ်တွေကို Block ကြမယ်။



သင့် Viber ထဲက မလိုအပ်တဲ့ ဖုန်းနံပါတ်တွေကို Block ထားလို့ ရအောင် ကျနော် ဒီနေ့  ဗဟုသုတ မျှ ဝေမှာဖြစ်ပါတယ်၊ သင့် ရဲ့ဖုန်း ထဲမှာရှိသမျှ ဖုန်းနံပါတ်တွေကို Viber ကနေ Save လုပ်ထားမှာဖြစ်လို့ ဖုန်းထဲက Contacts နံပါတ်အားလုံးဟာ Viber List
ထဲမှာရှိနေမှာဖြစ်ပါတယ် ဒိအပြင် Save မလုပ်ရသေးတဲ့ နံပါတ်တွေနဲ့ လဲ Message ပို့ တာတို့  Free Call ပြောတာတို့ လုပ်လို့ ရပါတယ် ဒီတော့ သင် Block လုပ်လိုတဲ့ နံပါတ်ဟာ Save မလုပ်ရသေးရင်တော့ Save အရင်လုပ်လိုက်ပါ ပြီးရင်အောက်မှာရှင်းပြထားတဲ့
အချက်တွေကို လိုက်နာလုပ်ဆောင်ပါ။ ဒီလို Block လုပ်ထားပြီးသား နံပါတ်တွေက်ုလဲ Unblock ပြန်ဖွင့်ပေးလို့ လဲရပါတယ်။ မြန်မာ မိတ်ဆွေများအဆင် ပြေကြမယ်လို့  မျှော်လင့်ပါတယ်။  ကဲ စပြီးလုပ်ဆောင်ရန်ပထမ အဆင့်ကတော့ အပ်ါကပုံမှာပြထားသလို Viber Icon အပေါ်မှာ နှိပ်ပြီးဝင်ပေးပါ ပြီးသွားရင် အောက်ပုံကိုကြည့်ပါ။

Windows Xp/Vista/7/8 တို့မှာ မြန်မာလိုပေါ်အောင် (100% sure)



ကျွန်တော်လည်း Facebook သုံးတော့ ဟို   page    ကြည့် ဒီ    page    ကြည့်နဲ့အဆင်မပြေတဲ့သူတချို့တွေ့တာကြောင့်ဒီပိုစ့်လေးကို
ရေးသားလိုက်ပါတယ်။ Windows Xp မှ 8 အထိရပါတယ်။ Windows 10 မှာတော့ အောက်ပါနည်းအတိုင်းရမည်မဟုတ်ပါ။ Windows 10  အတွက်တော့     Windows 10 မှာမြန်မာလိုပေါ်အောင်လုပ်နည်း     မှာကြည့်ပါ။ ကျွန်တော်ကတော့   Window 8    အထိပဲစမ်းဖူးလို့ပါ။ ဘာမှရှုပ်ရှုပ်ရှပ်ရှပ်တွေလုပ်စရာမလိုပါဘူး။ အောက်မှာပေးထားတဲ့ လင့်မှာဒေါင်းလော့လုပ်ပြီးအင်စတောလုပ်ရုံပါပဲ။ အင်စတောလုပ်နည်း
ကလည်းအခက်ကြီးမဟုတ်လို့မရေးတော့ပါဘူး။ အဆင်မပြေရင်ကွန်မန့်ရေးခဲ့ပါ ...

Thursday, December 10, 2015

cmd နဲ့ Format လုပ်ပြီးမန်မိုရီစတစ်ထဲကို ဗိုင်းရပ်တွေကိုရှင်းမယ်

 

အားလုံးသိကြတဲ့အတိုင်းပဲ မန်မိုရီစတစ်ကို ဟိုကွန်ပျူတာထိုး ဒီကွန်ပျူတာထိုးနဲ့ ပြီးလည်းပြီးရောဗိုင်းရပ်တွေတစ်သီကြီးပါလာတဲ့
ပြဿနာကို စာဖတ်သူတို့လဲသိရှိပြီးကြုံဖူးပြီးဖြစ်မှာပါ။ ကျွန်တောတို့ဗိုင်းရပ်ဆော့ဝဲလ်တွေနဲ့ စစ်ပေမယ့်လည်းတချို့ဗိုင်းရပ်တွေက
စတစ်ထဲမှာ  ကျန်နေတတ်ပါတယ်။  (ဥပမာ- autorun.inf နဲ့ Recycler တို့ပေါ့)  ဒီနည်းလေးက  ဘာဆော့ဝဲလ်မှလည်းမလိုဘူး၊
လုပ်ရမယ့်အဆင့်လည်းနည်းပါတယ်။ Format လုပ်ရမှာဖြစ်လို့ မန်မိုရီစတစ်ထဲမှာ အရေးကြီးဖိုင်တွေရှိရင် ကွန်ပျူတာထဲအရင်ထည့်
ထားစေလိုပါတယ်။

Android ဖုန်းတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ There is a problem parsing the package(Parse error) နှင့်ဖြေရှင်းနည်း



ကျွန်တော်တို့ Android ကိုဘာဖြစ်လို့အသုံးများကြလဲဆိုရင် ဈေးလဲသက်သာတာက တစ်ပိုင်း၊ Application တွေလည်းပေါများတာ
ကလည်းတစ်ပိုင်းအပါအဝင်ပေါ့။ စက်ပစ္စည်းဆိုသည့်အတိုင်း Error ကတော့ရှိဖြစ်မြဲပါ။ ကျွန်တော်တို့ Android ဖုန်းတွေမှာ error 492,
error 498, parse error တွေဖြစ်တတ်ကြပါတယ်။ ဒီနေ့တော့အဖြစ်များတဲ့ Parse error အကြောင်းလေးနဲ့ပက်သက်တာလေး တွေပြောချင်ပါတယ .....

Lock ကျနေသော FACEBOOK အကောင့်ပြန်ယူနည်း

မြန်မာတို့ရဲ့ဗဟုသုတ ဘလော့မှကူးယူဖော်ပြလိုက်ပါတယ်။
မသိသေးသူများအတွက်အသုံးဝင်မယ်လို့ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်သိထားသင့်ပါတယ်။
လိုအပ်လာခဲ့ရင် သုံးလို့ရတာပေါ့။
လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock)
ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။

အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ်ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး.....
Wednesday, December 9, 2015

Ghost keyboard typing - Notepad trick


လူအများစုကတော့ Notepad  ကိုစာရိုက်တာလောက်နဲ့ပဲပြီးနေကြတာပါ။ ဒီနေ့တော့ Notepad လေးကိုအသုံးပြုပြီးလုပ်ရမယ့် Ghost keyboard
typing ဆိုတာလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Keyboard ကိုမထိပဲ စာတွေပေါ်လာတာကြောင့် Ghost keyboard typing လို့ခေါ်တာပါ။ ဆိုလိုတာကတော့ ကိုယ်ကစာမရိုက်ပဲ စာတွေသူ့အလိုလိုပေါ်လာတာပါ။ အဲ့လိုပေါ်လာအောင်လည်း Notepad မှာတင်ကြိုတင်ပြီးစာရေး ထားရမှာပါ။ ကောင်မလေးကိုရည်းစားစကားပြောချင်လဲရတာပေါ့။ မန်မိုရီစတစ်ထဲဒီဖိုင်လေးထည့်ပေးလိုက်ပြီးဟိုကဖွင့်လဲဖွင့်လိုက်
ရော.. " I love you " .... ကြွေဘီလေကွီးရယ်။ ကြိတ်ပြီးစိတ်ကူးယဉ်မနေနဲ့ဦး။ဘာပဲဖြစ်ဖြစ်နည်းပညာတစ်ခုတိုးတာပေါ့။
ဘာဆော့ဝဲလ်မှလည်းမလိုဘူး။ Notepad ရှိရုံနဲ့ဖြစ်တယ် ...
Tuesday, December 8, 2015

သင့်ဖုန်း ဘက်ထရီကြာကြာ အသုံးခံစေမည့် နည်းလမ်း (၁၀) မျိုး



အားလုံးပဲမင်္ဂလာပါ...ကျွန်တော် ဒီနေ့အဖို့တော့ သင့်ဖုန်း ဘက်ထရီကြာကြာအသုံးခံစေမယ့် နည်းလမ်း (၁၀) မျိုးကို ရေးသားဖော်ပြလိုက်ပါတယ်။
ယခု ကျွန်တော်တို့ရောက်ရှိနေတဲ့ ခေတ်ကြီးဟာ Smart Phone ခေတ်ဆိုလည်းမမှားပါဘူး။ ယခုဆိုကျွန်တော်တို့ မြန်မာနိုင်ငံမှာတောင်လူတန်းစေ့
နည်းပါးကို ဖုန်းကိုင်နိုင်နေကြပါပြီ။     စက်ပစ္စည်းဆိုတဲ့အတိုင်း အသုံးပြုတာကြာာလာရင်တော့ Performance ပိုင်းမှာအားနည်းလာတာအမှန်ပါပဲ။
နောက်တစ်ခုကတော့ ကျွန်တော်တို့  Battery  နဲ့အလုပ်လုပ်တဲ့ပစ္စည်းတွေ အထူးသဖြင့်လက်တော့တို့၊ ဖုန်းတို့ပေါ့။ Battery သက်တမ်းဟာလည်း
အသုံးပြုသည့်အလျောက် နဂိုလောက်ကြာရှည်မခံတော့ဘူးဆိုတာစာဖတ်မိတ်ဆွေတို့   လည်းသတိထားမိကြမှာပါ။ တကယ်တမ်းကျတော့အသုံးပြု
သူပေါ်မှာလည်းမူတည်တယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။  ကျွန်တော်အခုဖုန်းဘက်ထရီကြာကြာအသုံးခံဖို့ ဘယ်ဆော့ဝဲလ်တွေသုံးပါလို့ ညွှန်းမှာမဟုတ်ပါဘူး။ ဖုန်းအသုံးပြုသူတစ်ယောက်အနေနဲ့သိထားသင့်တဲ့ဆောင်ရန်ရှောင်ရန်အချက်လေးတွေကိုဖော်ပြပေးသွားမှာဖြစ်လို့ သင်ကိုယ်တိုင်လည်းဗဟုသုတရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။
Monday, December 7, 2015

ဆော့ဝဲလ်မလိုပဲ မောက်စ် Cursor မြားလေးကိုပြောင်းရအောင်


ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ ကွန်ပျူတာလေးကကိုယ့်စိတ်တိုင်းကျလှနေ ရင်ပျော်တာပဲလေ။ အခုဆော့ဝဲလ်မလိုပဲနဲ့ မောက်စ် Cursor မြားလေးကို ပြောင်းနိုင်မယ့်နည်းလေးကိုဖော်ပြပေးလိုက်ပါတယ်။ အရင်ဆုံး ကိုယ်ကြိုက်နှစ်သက်ရာကိုမောက်စ် Cursor ဒီဇိုင်းကို ဒီမှာ သွားပြီးဒေါင်းလော့ လုပ်နိုင်ပါတယ်။ အဲဒိမြားပုံလေးကိုမှမကြိုက်ရင်လည်း ဒီမှာ နောက်ထပ်သွားပြီးကြည့်ရှုနိုင်ပါတယ်။ အဲဒိ Website ကမြားပုံလေးတွေဒေါင်းလော့လုပ်ပြီးပြီဆိုရင်တော့ကွန်ပျူတာမှ ပေါ်လာအောင် အောက်ပါနည်းအတိုင်းဆက်
လုပ်လိုက်ပါ။

၁. ဒေါင်းလော့လုပ်ပြီးသွားပြီးဆိုရင် .... Control Panel ----> Mouse ----> Pointers ဆိုတဲ့ Tab
    ကိုသွားပါ။

၂.  ထို့နောက် Browse ကိုကလစ်ပါ။ ခုနကဒေါင်းထားတဲ့ ပုံလေးကိုရှာပြီးကလစ်နှစ်ချက်ပေးလိုက်ပါ။

၃.  Apply ကိုနှိပ် OK  နှိပ်။ ဒါပါပဲ။ အဆင်မပြေရင် ကွန်မန့်ပေးခဲ့ပါ။


Sunday, December 6, 2015

IP address သိရင် ဘယ်လို hack လို့ရနိုင်သလဲ



ကျွန်တော် Hacking ပိုင်းတော့မရဘူးဆိုတာထက် စိတ်မဝင်စားတာပါ။ ကျွန်တော်လည်း လေ့လာရင်း
ကနေ အသုံးဝင်မယ်ထင်လို့ "မြန်မာတို့အတွက်ဗဟုသုတ" ဘလော့မှ ကူးယူဖော်ပြလိုက်ပါတယ်။
လေ့လာနေသူများအတွက် အကျိုးရှိမယ်ထင်ပါတယ်။

ဒီဟာကတော့ ရိုးရှင်းတဲ့ အခြေခံ NETBIOS Post တစ်ခုဖြစ်ပြီး ဒီ post မှာတင်ထားတဲေ့ အချက်အလက်တွေကို aCId_rAIn ကဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီ post ကနေပြီး သင့်ကို NETBIOS အကြောင်း ကို ဖော်ပြပေးမှာဖြစ်ပြီး ၄င်းက ဘာလဲ ၊ ၄င်းကို ဘယ်လိုအသုံးပြုနိုင်သလဲ ၊ ၄င်းနဲ့ ဘယ်လို hack နိုင်သလဲ ဒါ့အပြင် သင့်အတွက် နောင်တချိန်မှာ အသုံးဝင်လာနိုင်တဲ့ ရိုးရှင်းတဲ့ DOS comment များအကြောင်းပါဝင်ပါတယ်။ အခုဖော်ပြပေးမယ့် အချက်တွေဟာ hacking ကို စတင်လေ့လာသူများအတွက်သာ ဖြစ်ပါတယ်။

Computer Shortcut Key များ

(Win+R) ဖော်ပြပါကီးလေးကို ကီးဘုတ်ကနေနှိပ်လိုက်ပါကအာက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပြီး
ထို Run Box ထဲမှာ အောက်ဖော်ပြပါ Shortcut keys တွေထည့်ပြီး အလွယ်တူအသုံးပြုနိုင်ပါတယ်။
Computer Shortcut Keys
access.cpl - Accessibility Options
appwiz.cpl - Add/Remove Programs
desk.cpl - Display Properties
directx.cpl - Direct X Control Panel
firewall.cpl - Firewall Settings (sp2)
hdwwiz.cpl - Add New Hardware Wizard
inetcpl.cpl - Internet Properties
intl.cpl - Regional Settings
joy.cpl - Joystick Properties
main.cpl - Mouse Properties
main.cpl keyboard - Keyboard Properties
mmsys.cpl - Sounds and Audio Device Properties
mmsys.cpl sounds - Sound Properties
ncpa.cpl - Network Connections
ncpl.cpl - Network Properties
netsetup.cpl - Network Setup Wizard
nusrmgr.cpl - User Settings
odbccp32.cpl - ODBC Data Source Administrator
powercfg.cpl - Power Management
sysdm.cpl - System Properties
telephon.cpl - Phone and Modem Options
timedate.cpl - Date and Time Properties
wscui.cpl - Security Center (sp2) ..... နောက်စာမျက်နှာမှာ ကျန်ပါသေးတယ် ...

လက်ရှိရေပန်းစားနေတာလေးတွေ

ကျွန်တော်၏ဝန်ခံချက်

စာချန်ထားခဲ့ပါ ....

နိုင်ငံအလိုက်လည်ကြသူများ

Flag Counter

လာရောက်ကြည့်ရှုသူများ