Thursday, December 31, 2015

CD / DVD များရဲ့မသိသေးသောအကြောင်းအရာအချို့ နှင့် ထိန်းသိမ်းနည်း



ကျွန်တော်လေ့လာနေတဲ့ ပညာရပ်ကနေ ဒီနေ့ကျွန်တော် CD / DVD နဲ့ပက်သက်တာလေးတွေနဲ့ အများစုမသိသေးတာလေးတွေကို စာဖတ်သူတို့ ဗဟုသုတရအောင် မျှဝေပေးချင်ပါတယ်။ သူတို့အကြောင်းလေးတွေအပြင် ဆက်စပ်မှုရှိတာလေးတွေကိုလည်း ရေးသားထားတာကြောင့် ဒီအကြောင်းအရာလေးကိုဖတ်ပြီးရင်တော့ CD / DVD အကြောင်းအရင်ထက်ရင်းနှီးကျွမ်းဝင်မှာဖြစ်သလို ဗဟုသုလည်းရရှိမှာဖြစ်တာကြောင့် အချိန်လေးပေးပြီးဖတ်စေလိုပါတယ်။


ပထမဆုံး CD / DVD အကြောင်းလေးမပြောခင် Floppy Disk အကြောင်းလေးပြောပြချင်ပါတယ်။ သူကအဓိကအကြောင်းအရာမဟုတ်တော့ သိရုံလောက်တော့ပြောပြပေးပါမယ်။ သူကတော့ မန်မိုရီစတစ်မပေါ်ခင်မှာ ဖိုင်တွေအကူးအပြောင်းလုပ်ဖို့ သုံးခဲ့တာပေါ့။ ပုံစံကတော့ ပြားပြားလေးပါ။ အရောင်လေးတွေလည်းမျိုးစုံရှိပါတယ်။ Magnetic ကိုသုံးပြီးဖိုင်တွေကို သိမ်းယူပါတယ်။ ဖိုင်တွေသိမ်းယူနိုင်တဲ့ ပမာဏကလည်း 1.44 MB ပဲရှိတာကြောင့် အခုခေတ်နဲ့ဆို mp3 သီချင်းတစ်ပုဒ်တောင်မဆံ့ပါဘူး။ ကြာရှည်အသုံးပြုဖို့အတွက်ဆိုရင်တော့ Floppy Disk ကိုမသုံးသင့်ပါဘူး။ နောက်ပိုင်းမှာတော့ Floppy Disk အသုံးပြုမှုနည်းလာပြီး ဖိုင်သိမ်းယူတဲ့ဆိုဒ်များပြီး ဈေးလည်းသက်သာတဲ့ Optical Drives (CD/DVD) , USB , SD Card တို့ကိုပဲရွေးချယ်သုံးလာကြပါတယ်။ မသိသေးသောသူများအတွက် ကျွန်တော်လက်လှမ်းမှီသလောက်ပြောပြလိုက်ပါတယ်နော်။ :D

ကဲ .... CD / DVD အကြောင်းလေးကိုပြောပါ့မယ်။
ကျွန်တော်တို့ CD..CD လို့သာပြောနေတာ CD မှာ အမျိုးအစားကွဲတွေရှိသေးတယ်ဆိုတာသိထားဖို့လိုပါတယ်။
CD မှာဆို (CD-ROM, CD-R, CD-RW) ဆိုပြီးမူကွဲတွေရှိပါတယ်။

CD-ROM (Compact Disc Read Only Memory)

CD-ROM ကတော့ခေါင်းစဉ်ကအတိုင်း Read Only ဖြစ်တဲ့အတွက် CD ထဲက data တွေကိုဖတ်လို့ပဲရပါတယ်။
ပြန်ပြီးတော့ အခွေ Burn လို့မရပါဘူး။ ဥပမာပြောရရင် Motherboard , Graphic Card တို့ Laptop တို့ဝယ်ရင် Original ပါလာတဲ့ အခွေလေးပေါ့။
ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတော့အခွေရဲ့ အောက်ဘက်ကို ကြည့်ရင် ငွေရောင်လေးသမ်းနေတဲ့အတွက် အလွယ်တကူသိနိုင်ပါတယ်။

CD-R (Compact Disc-Recordable)

ဒါကတော့ ကျွန်တော်တော့ မြင်ဖူးတွေ့ဖူးနေကျပေါ့။ အသုံးများတယ်ဆိုလဲမမှားပါဘူး။ တစ်ကြိမ်ပဲ အခွေ Burn လို့ရပါတယ်။
သိမ်းဆည်းနိုင်တဲ့ပမာဏကတော့ CD မျက်နှာပြင်မှာပါ ပါတယ်။ Default Storage ကတော့ 700 MB ပါ။

CD-RW (Compact Disc-Rewirtable)

ဒါလေးကတော့ CD-R နဲ့ခပ်ဆင်ဆင်ပါပဲ။ တစ်ခုထူးခြားတာက Data တွေကို တစ်ကြိမ်ထက်မက မှတ်ယူသိမ်းဆည်းနိုင်ပါတယ်။

DVD မှာလည်း (DVD-ROM, DVD-R, DVD-RW) ဆိုပြီးအမျိုးမျိုးရှိပါသေးတယ်။ အပေါ်မှာရှင်းပြခဲ့တဲ့အတိုင်း CD နဲ့အတူတူပါပဲ။

DVD ရဲ့အရှည်ခေါက်က (Digital Versatile Disc or Digital Video Disc) ပါ။
သိမ်းယူနိုင်တဲ့ပမာဏက 4.7 GB ရှိပါတယ်။ CD နဲ့ယှဉ်ရင်တောတော့်ကို ကွာသွားပါပြီ။
DVD ရဲ့အောက်ဘက်က ခရမ်းရောင်ရှိတဲ့အတွက်ကြောင့် CD DVD ခွဲခြားသိနိုင်ပါတယ်။]

DVD မှာသိမ်းယူနိုင်တဲ့ Capacity အလိုက်မူကွဲတွေရှိပါသေးတယ်။

DVD Capacity (Sides and Layers)
DVD-5 (4.7GB Single-Side, Single-Layers)
DVD-9 (8.7GB Single-Side, Dual-Layers)
DVD-10 (9.4GB Double-Side, Single-Layers)
DVD-18 (17GB Double-Side, Double-Layers)

နောက်ပိုင်း New Optical Disc Technology ဆိုပြီး DVD-RAM, Blu-ray Disc, HD-DVD တို့ထွက်ပေါ်ခဲ့ပါတယ်။
DVD-RAM ကတော့ CD-RAM လိုမျိုးပဲ တစ်ကြိမ်ထပ်မက ဖိုင်တွေကိုသိမ်းနိုင်ဖျက်နိုင်ပါတယ်။ Storage ပိုများသွားတာပေါ့။ သူ့ကိုတော့အသုံးပြုဖို့အတွက်
Special Drive လိုအပ်ပါလိမ့်မယ်။ HD-DVD ကတော့ Blu-ray Disc နဲ့အပြိုင်ထွက်ခဲ့တယ်လို့ပဲဆိုရမှာပေါ့။ သူတို့နှစ်ခုနှိုင်းယှဉ်ကြည့်ရင် Blu-ray Disc ကပိုပြီး
စွမ်းဆောင်ရည်ကောင်းမွန်တာကြောင့်နောက်ပိုင်း Blu-ray Disc အသုံးများလာပြီး HD-DVD အသုံးနည်းသွားပါတယ်။ Blu-ray Disc အကြောင်းဆက်ပြောရမယ်ဆို
ရင်တော့ ဘာဖြစ်လို့ Blu-ray လို့ခေါ်လဲဆိုတာသိချင်တဲ့သူလဲရှိမှာပေါ့။ အဓိကအကြောင်းအရင်းကတော့ Blu-ray Disc က blue-violet laser format ကိုသုံးထားတာ
ကြောင့်ခေါ်တာဖြစ်ပါတယ်။ သူရဲ့သိမ်းဆည်းနိုင်တဲ့ပမာဏက Single-layer မှာ 25GB ရှိပြီး  Dual-Layer မှာတော့ 50GB ရှိပါတယ်။ အသုံးများတာကတော့
PS3 (Play Station 3) ဂိမ်းခွေတွေမှာသုံးပါတယ်။ ဒါကြောင့် PS3 ဂိမ်းခွေတွေဟာဈေးကြီးရတာပါ။ နောက်ပြီးတကယ့် HD Video (High Definition Video)
အတွက်လည်းအသုံးပြုပါတယ်။

ထိန်းသိမ်းနည်း


CD / DVD တွေကတော့ လွယ်လွယ်နဲ့မပျက်စီးပါဘူး။ အသုံးပြုသူအနေနဲ့ စနစ်တကျမကိုင်တွယ်ရင်တော့ ပျက်စီးမှာပါ။ နောက်ပြီး အခွေ Quality လည်းရှိပါသေးတယ်။
တချို့ ၅၀၀..၈၀၀ တန်တွေရှိပါတယ်။ ကိုယ့်အတွက်တကယ့်အမှတ်တရ ဓါတ်ပုံတွေ အရေးကြီးတာတွေ သိမ်းထားမယ်ဆိုရင်တော့ အခွေ Quality ကောင်းကောင်းကို
ဝယ်သုံးဖို့အကြံပေးချင်ပါတယ်။ အခွေရဲ့အဓိကနေရာက အောက်ပိုင်းမဟုတ်ပါဘူး။ အပေါ်ပိုင်းပါ။ အခွေထဲမှာ Polycarbonate wafer ဆိုတဲ့ Aluminum ပြားလေးက
သိမ်းပေးထားပါ။ အခွေကို Burn တယ်ဆိုတာ အခွေကို Laser နဲ့ heat တိုက်လိုက်တာပါ။ ဒါမှ အဲ့ဒိ Aluminum လေးက ကြွလာပြီး ကွန်ပျူတာ System ဖတ်တဲ့
Language ဖြစ်တဲ့  0 1 အနေနဲ့အခွေထဲမှာ သိမ်းထားပေးမှာတယ်။ အခွေရိုက် Burn ပြီးရင် Aluminum အသားလွှာလေးကအပေါ်ဘက်ခြမ်းနားရောက်လာပါတယ်။
အဲဒါကို ကျွန်တော်တို့ကမသိပဲ ဘောပင်တို့ ပွန်းပဲ့လွယ်တဲ့အရာ ဝတ္ထုနဲ့ခြစ်မိရင် အဲ့ဒိ Aluminum အလွှာလေးကွာပြီး အခွေမဖတ်နိုင်တော့ပါဘူး။ အခွေကအလင်းနဲ့
ဖတ်တဲ့အတွက်ကြောင့်ပါ။ အဲ့ဒိခြစ်မိတဲ့ အပေါက်က Driver ထဲကဖတ်ယူတဲ့ဆီမရောက်ပဲ အလင်းပေါက်သွားတဲ့အတွက်ကြောင့်အဲ့ဒိအခွေဟာလုံးဝမဖတ်တော့ပါဘူး။
အစင်းရာထင်တာတော်ပါသေးတယ်။ တချို့လည်းကြုံဖူးမှာပါ။ အခွေက အစင်းတွေများနေပေမယ့် ဖတ်သေးတယ်တယ်လေ။ နောက်ပြီး အစင်းဖာတဲ့ဆေးလည်းရှိလို့
အခွေအစင်းထင်တာက မစိုးရိမ်ရပါဘူး။ ကျွန်တော်အပေါ်မှာပြောသလို အခွေကအလင်းနဲ့ဖတ်တာကြောင့် အစင်းရှိတဲ့နေရာကို အလင်းထိုးလိုက်ရင် အလင်းဟာ
ယိုင်သွားပြီး တခြားနေရာရောက်သွားရင် အခွေထစ်တာတို့ ကြည့်နေရင်းနဲ့ အနောက်ပြန်ရောက်သွားတာတို့ဖြစ်တတ်ပါတယ်။ ဒါကြောင့် အခွေ Burn ပြီးရင် အခွေဘူး
လေးနဲ့ဖြစ်ဖြစ် တစ်ရှူးစလေးတွေ ခံပြီးတော့ပဲဖြစ်ဖြစ် ထည့်ပြီးသိမ်းထားပေးပါ။ နှစ်ဖက်ထည့်အိတ်လေးတွေလည်းရှိပါတယ်။
အမျိုးစားအကောင်းကောင်းလေးဝယ်ပြီးသုံးဖို့ညွှန်းပါရစေ။

ကဲ .... ဒီနေ့တော့ ဒီလောက်ပါပဲ။ ကျွန်တော်လည်း သင်ဆရာ မြင်ဆရာတွေဆီကလေ့လာသမျှကို ဒီဘလော့လေးမှာ စာဖတ်သူတို့ဗဟုသုတရစေဖို့ ရေးသားလိုက်ပါတယ်။
ကျွန်တော်လည်းလေ့လာနေသူတစ်ဦးမို့ အမှားပါခဲ့ရင်ခွင့်လွှတ်ပါခင်ဗျာ ... ITWARE -II-




0 ယောက် ကွန်မန့်ပေးသွားသည်။:

ကျွန်တော်၏ဝန်ခံချက်

စာချန်ထားခဲ့ပါ ....

နိုင်ငံအလိုက်လည်ကြသူများ

Flag Counter

လာရောက်ကြည့်ရှုသူများ