Saturday, July 2, 2016

မန်မိုရီစတစ် (USB) ဖြင့် ဝင်းဒိုးတင်နည်း (Windows 7 တင်နည်းအပါအဝင်)




ဒီပိုစ့်လေးက Desktop ဖြစ်ဖြစ် Laptop ဖြစ်ဖြစ် အခွေထည့်တဲ့ Driver အလုပ်မလုပ်ခဲ့လျှင် မန်မိုရီစတစ် (USB) ကနေပြီး Windows တင်လိုသူများအတွက် ရည်ရွယ်ပါတယ်။ နောက်ပြီး Windows 7 တင်နည်းလေးပါထည့်ပေးထားပါတယ်။ ကွန်ပျူတာနဲ့ ရင်းနီးကျွမ်းကျင်သူအတွက်တော့ လွယ်ကူပေမယ့် ... မရင်းနီးသေးတဲ့ သူတွေအတွက်ကတော့ ယောင်လည်လည်ဖြစ်နေမှာပါ။ ဒါကြောင့် ဒီပိုစ့်လေးမှာ USB  ကနေဝင်းဒိုးတင်ဖို့ ဘာတွေလိုအပ်တယ်။ ဘယ်လိုလုပ်ရတယ်ဆိုတာလေးကိုပြောပြပေးသွားပါမယ်။ USB ကနေ Windows တင်မှာဖြစ်တာကြောင့် USB ထဲကို Windows Installation ဖိုင်တွေကူးသွင်းဖို့ ဆော့ဝဲလေးလိုပါလိမ့်မယ်။ Advance user တွေအတွက် command line ကနေ လုပ်လို့ရပေမယ့် သာမန်အသုံးပြုသူတွေ အတွက်တော့ ဆော့ဝဲနဲ့လုပ်တာ ပိုပြီးလွယ်ကူမယ်လို့ထင်ပါတယ်။ အသုံးပြုမယ့်ဆော့ဝဲလေးကတော့ Rufus ပါ။ ဖိုင်ဆိုဒ်လည်းသေးပြီး  အသုံးပြုရလွယ်ပြီး လူသုံးများပါတယ်။ မရှိသေးရင် ဒီလင့် မှာဒါင်းလော့လုပ်နိုင်ပါတယ်။

အရင်ဆုံး တင်လိုတဲ့ Windows ရဲ့ image file လိုအပ်ပါတယ်။ ( image file ဆိုတာ .iso format နဲ့ဆုံးတဲ့ဖိုင်ကို ခေါ်တာပါ။) သင့်မှာ image file မရှိဘူး။ Installation file ပဲရှိတယ်ဆိုရင်တော့ သူတို့ကို  image file ပြောင်းပေးရပါလိမ့်မယ်။ image ဖိုင်မရှိတဲ့ သူတွေကတော့ image file လုပ်ရမှာဆိုတော့ နည်းနည်းအလုပ်ရှုပ်ပါလိမ့်။ image ဖိုင်လုပ်နည်းကို ဒီလင့် မှာသွားရောက်လေ့လာ နိုင်ပါတယ်။  ကဲ ..အခု သင့်မှာ Windows တင်ဖို့ image file အဆင်သင့်ရှိနေပြီလို့ ယူဆလိုက်ပါမယ် ... 



USB ကနေ ဝင်းဒိုးတင်ဖို့ အဆင့်နှစ်ဆင့်ပဲလုပ်စရာလိုပါတယ် -

၁။ Rufus နဲ့ Bootable USB လုပ်မယ်။ ( USB ထဲကို image file တွေကူးထည့်တဲ့အဆင့်ပေါ့။)
၂။ BIOS ထဲဝင်ပြီး First Boot Device ပြောင်းပေးဖို့မယ်။ (ဒါမှ system အလုပ်လုပ်တာနဲ့ USB ကနေ Boot လုပ်မှာပါ။)

ဒီအဆင့်မှာ image file ကို USB ထဲထည့်မှာဖြစ်ပါတယ်။ ဒေါင်းလော့လုပ်ထားတဲ့ Rufus ဆော့ဝဲကိုဖွင့်လိုက်ပါ။ ပြီးရင်ဘာမှထွေထွေထူးထူး လုပ်စရာမလိုဘူး။ အောက်ကပုံလေးအတိုင်း အနီပြထားတဲ့နေရာလေးကို ကလစ်၊ image file ကို select လုပ်ပြီး Open ကိုနှိပ်။ ပြီးရင် Start ကိုနှိပ်။ Warning message box ကျလာရင် OK နှိပ်ကိုရွေးလိုက်ပါ။ အနည်းငယ်တော့ စောင့်ရပါလိမ့်မယ်။ အောက်ကပုံလေးကို ကြည့်ရင်နားလည်မှာပါ။


image file လေးထည့်ပြီးသွားပြီဆိုရင်တော့ သင့် Memory Stick ဟာ Windows တင်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမယ့် ဒီတိုင်းတော့မရသေးဘူး။ BIOS ထဲဝင်ပြီး First boot device ကို USB ပြောင်းပေးရပါမယ်။ ပြောင်းဖို့အတွက် Computer ကို Restart လုပ်ပါ။  BIOS  ပြောင်းပြီးသွားပြီဆိုရင် F10 နှိပ်၊ Enter ခေါက်။ Restart ဖြစ်သွားပါလိမ့်မယ်။ စက်ပြန်တက်လာရင် BIOS ထဲဝင်ဖို့ Key တစ်ခုနှိပ်ပေးရပါတယ်။ Motherboard ထုတ်တဲ့ company တွေပေါ်မူတည်ပြီးကွဲပြားနိုင်ပါတယ်။ အသုံးများတာကတော့ F1, F2, Delete တို့ဖြစ်ပါတယ်။ BIOS ထဲရောက်သွားရင်တော့ အောက်ကပုံအတိုင်းတွေ့ရမှာဖြစ်ပါတယ်။

ဒါ့ပြင် BIOS ပုံစံဟာလည်း Motherboard ထုတ်တဲ့ company ပေါ်မူတည်ပြီးပြောင်းလဲတာကြောင့်  တရာသေမှတ်လို့မရပါဘူး။ အပေါ်ပုံအတိုင်း Arrow key နဲ့ Boot ကိုသွားပါ။ Boot Device Priority ထဲကို Enter ခေါက်ပြီးဝင်ပါ။ 

1st boot device ကို Enter ခေါက်ပြီး USB ကိုရွေးပေးပါ။ တစ်ကယ်လို့ USB မတွေ့ဘူးဆိုရင် Esc နဲ့ရှေ့သိုပြန်သွားပြီး Hard disk drives ထဲကိုဝင်ပါ။ 

1st Drive မှာ USB ကိုရွေးပေးပါ။ ပြီးရင်တော့ F10 နှိပ် Enter ခေါက်ပြီးပြန်ထွက်ပါ။ ဒါဆိုကွန်ပျူတာပြန်တက်လာရင် USB နဲ့ Boot တက်မှာဖြစ်ပါတယ်။ Windows 7 တင်နည်းကိုတော့ pdf ဖိုင်တဲ့ အတတ်နိုင်ဆုံး နားလည်သဘောပေါက်အောင် ပုံနှင့်တကွ ရှင်းပြထားပါတယ်

Windows 7 တင်နည်း (မြန်မာလို) - ဒီမှာ ဒေါင်းပါ။

ကျွန်တော်လည်း လေ့လာနေသူတစ်ဦးမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပါခင်ဗျာ ... ITWARE-II


0 ယောက် ကွန်မန့်ပေးသွားသည်။:

ကျွန်တော်၏ဝန်ခံချက်

စာချန်ထားခဲ့ပါ ....

နိုင်ငံအလိုက်လည်ကြသူများ

Flag Counter

လာရောက်ကြည့်ရှုသူများ