Friday, July 15, 2016

Data Saving Mode ပါဝင်လာတဲ့ Facebook 87.0.0.0.18 နောက်ဆုံးထွက်




July 13 ရက်ကမှ အသစ်ထွက်ရှိထားတဲ့ Facebook နောက်ဆုံး version ပါ။ Android 4.0.3 နှင့်အထက်မှာ အသုံးပြုနိုင်ပါတယ်။ ထူးခြားတဲ့အနေနဲ့သူ့မှာ ဓာတ်ပုံလေးတွေကို Resolution နည်းနည်းနဲ့ ကြည့်ရလည်းအဆင်ပြေအောင် Data အသုံးပြုမှုလည်းသက်သာအောင် Data saving mode လေးပါလာပါတယ်။ ကမ္ဘာတစ်လွှမ်းကလွှင့်တဲ့ Live video တွေကိုလည်းလွယ်လင့်တကူ ကြည့်ရှုနိုင်မှာပါ။ Live video တင်တာက ဒီ version မှာရပေမယ့် ကျွန်တော့်ဖုန်း 4.4.2 မှာတော့ တင်လို့မရသေးပါဘူး။ ကျွန်တော့်အထင် Android version နိမ့်တာကြောင့်ဖြစ်ပါလိမ့်မယ် ...

Saturday, July 9, 2016

ကွန်ပျူတာအသုံးပြုသူများအတွက် Whizzo English to Myanmar Dictionary



File Size - 1.6 MB

ဒီနေ့တော့ ကွန်ပျူတာအသုံးပြုသူတွေအတွက် Dictionary ကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ကွန်ပျူတာနဲ့ စာဖတ်၊ ဘာသာပြန်တဲ့ သူတွေအတွက် ဒီဆော့ဝဲလေးက အသုံးဝင်မှာပါ။ အများစု ဖုန်းထဲမှာ Dictionary ဆော့ဝဲရှိပေမယ့် ကွန်ပျူတာထဲမှာမရှိကြပါဘူး။ အဲ့တော့ ကိုယ်က စာလုံးရှာချင်တယ်ဆိုရင် ဖုန်းလော့ဖွင့်ရတာနဲ့၊ Dictionary ဖွင့်တာကို စောင့်ရတာနဲ့၊ စာလုံးရိုက်ရတာတွေမှာ အခက်အခဲတွေ ရှိနိုင်ပါတယ်။ Zawgyi ကော Myanmar 3 ကော Support ဖြစ်ပါတယ်။ ဖိုင်ဆိုဒ်လည်း နည်းပြီး စကားလုံးရေ တော်တော်စုံတဲ့ Dictionary ကောင်လေးတစ်ခုပါ ...
Saturday, July 2, 2016

Write Protection ဆိုတာဘာလဲ? ဘယ်လိုဖျက်လို့ရနိုင်မလဲ?


 
Write Protection ဆိုတာ USB နဲ့ SD card တို့မှာ ဖြစ်လေ့ဖြစ်ထရှိတဲ ပြသနာပါ။ SD Card နဲ့ တချို့ USB တွေမှာဆို Lock switch လေးရှိပါတယ်။ အဲ့ဒါကို On ထားတာကြောင့်လည်း  ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Write Protection ဖြစ်တယ်ဆိုတာ USB နဲ့ SD card ကြောင့်မဟုတ်ဘဲ တခြားအကြောင်း အရာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လို အကြောင်းကြောင့် ဖြစ်တယ်ဆိုတာ သေချာသိဖို့ နည်းလမ်းအချို့နဲ့ ဖြေရှင်းနည်းကို ဖော်ပြထားပါတယ် ...

မန်မိုရီစတစ် (USB) ဖြင့် ဝင်းဒိုးတင်နည်း (Windows 7 တင်နည်းအပါအဝင်)




ဒီပိုစ့်လေးက Desktop ဖြစ်ဖြစ် Laptop ဖြစ်ဖြစ် အခွေထည့်တဲ့ Driver အလုပ်မလုပ်ခဲ့လျှင် မန်မိုရီစတစ် (USB) ကနေပြီး Windows တင်လိုသူများအတွက် ရည်ရွယ်ပါတယ်။ နောက်ပြီး Windows 7 တင်နည်းလေးပါထည့်ပေးထားပါတယ်။ ကွန်ပျူတာနဲ့ ရင်းနီးကျွမ်းကျင်သူအတွက်တော့ လွယ်ကူပေမယ့် ... မရင်းနီးသေးတဲ့ သူတွေအတွက်ကတော့ ယောင်လည်လည်ဖြစ်နေမှာပါ။ ဒါကြောင့် ဒီပိုစ့်လေးမှာ USB  ကနေဝင်းဒိုးတင်ဖို့ ဘာတွေလိုအပ်တယ်။ ဘယ်လိုလုပ်ရတယ်ဆိုတာလေးကိုပြောပြပေးသွားပါမယ်။ USB ကနေ Windows တင်မှာဖြစ်တာကြောင့် USB ထဲကို Windows Installation ဖိုင်တွေကူးသွင်းဖို့ ဆော့ဝဲလေးလိုပါလိမ့်မယ်။ Advance user တွေအတွက် command line ကနေ လုပ်လို့ရပေမယ့် သာမန်အသုံးပြုသူတွေ အတွက်တော့ ဆော့ဝဲနဲ့လုပ်တာ ပိုပြီးလွယ်ကူမယ်လို့ထင်ပါတယ်။ အသုံးပြုမယ့်ဆော့ဝဲလေးကတော့ Rufus ပါ။ ဖိုင်ဆိုဒ်လည်းသေးပြီး  အသုံးပြုရလွယ်ပြီး လူသုံးများပါတယ်။ မရှိသေးရင် ဒီလင့် မှာဒါင်းလော့လုပ်နိုင်ပါတယ်။

အရင်ဆုံး တင်လိုတဲ့ Windows ရဲ့ image file လိုအပ်ပါတယ်။ ( image file ဆိုတာ .iso format နဲ့ဆုံးတဲ့ဖိုင်ကို ခေါ်တာပါ။) သင့်မှာ image file မရှိဘူး။ Installation file ပဲရှိတယ်ဆိုရင်တော့ သူတို့ကို  image file ပြောင်းပေးရပါလိမ့်မယ်။ image ဖိုင်မရှိတဲ့ သူတွေကတော့ image file လုပ်ရမှာဆိုတော့ နည်းနည်းအလုပ်ရှုပ်ပါလိမ့်။ image ဖိုင်လုပ်နည်းကို ဒီလင့် မှာသွားရောက်လေ့လာ နိုင်ပါတယ်။  ကဲ ..အခု သင့်မှာ Windows တင်ဖို့ image file အဆင်သင့်ရှိနေပြီလို့ ယူဆလိုက်ပါမယ် ... 


Power ISO ဖြင့် image file လုပ်နည်း


File Size - 3.6 MB

Power ISO ကတော့ image file (.iso) တွေကို mount လုပ်ရာမှာသုံးပါတယ်။ Windows 8 နှင့်နောက်ပိုင်း Windows  တွေမှာ Mount လုပ်ဖို့အတွက် Built-in ပါဝင်လာကြပေမယ့် Windows 7 နှင့်အရင် Windows တွေမှာမပါဝင်ပါဘူး။  ဒီဆော့ဝဲလေးက image file တွေကို mount လုပ်ပေးရုံမဟုတ်ဘဲ ကိုယ်နှစ်သက်ရာဖိုင်တွေကိုလည်း image file  လုပ်နိုင်ပါတယ်။ image file လုပ်နည်းကိုတော့ အောက်မှာ ပုံနှင့်တကွ ရှင်းပြထားပါတယ် ...

Thursday, June 30, 2016

ကွန်ပျူတာသုံးသူတိုင်းမှာ ဆောင်ထားသင့်တဲ့ Ashampoo WinOptimizer 14 (For Windows)



File Size - 27.09 MB

ကျွန်တော်တို့ ကွန်ပျူတာအသုံးပြုသူတွေရဲ့ စက်ထဲမှာ Optimizer ဆော့ဝဲလေး တစ်ခုကတော့ ဆောင်ထားသင့်တယ်ဗျ။ စက်ပစ္စည်းဆိုသည့် အတိုင်းလည်း error ကတော့ရှိစမြဲပါ။ နောက်ပြီး အသုံးပြုတာကြာလာသည်နှင့်အမျှ Temporary files တွေ ပျက်သွားတဲ့ software အကြွင်းအကျန်တွေ Log files တွေ Error report ဖိုင်တွေ registry error တွေ internet cache တွေစသဖြင့်ပေါ့ ... အဲ့ဒါတွေက ဖျက်ပေးသင့်တာတွေကိုဖျက်ပေး၊ error တွေဆိုလည်း ပြန်ပြင်ပေးဖို့လိုပါတယ်။ မဟုတ်ရင်တော့ Windows ဟာအသုံးပြုရတာ လေးလာမှာပါ။ အဲ့လိုမဖြစ်ရလေအောင် Hard disk ထဲက မလိုအပ်တဲ့ဖိုင်တွေဖျက်ပေးရမယ်။ Defragment လုပ်ပေးခြင်းဟာလည်း Hard disk ထဲက ရှုပ်ထွေးနေတဲ့ဖိုင်တွေကို အစဉ်တိုင်းပြန်စီပေးတာကြောင့် Hard disk loading speed ကိုမြန်စေပြီး ကွန်ပျူတာကိုသွက်လက်စေမှာပါ။ ဒါ့အပြင် Windows ရဲ့အရေးကြီးအပိုင်းဖြစ်တဲ့ Registry ကို Clean လုပ်ပေးခြင်း Defragment လုပ်ပေးခြင်းဖြင့် Windows လုပ်ဆောင်မှုတွေကို မူလအတိုင်းကောင်းမွန်လာစမှာပါ။ ဒါတွေကတော့ ကွန်ပျူတာကို Optimize လုပ်ရာမှာအရေးကြီးတဲ့အချက်ပါ။ အဲ့လိုလုပ်ဆောင်ပေးဖို့ Windows မှာ  Built-in software တချို့ပါပြီးသားဖြစ်ပေမယ့် Ashampoo WinOptimizer ကတော့ ပိုပြီးထိထိရောက်ရောက် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ Ashampoo WinOptimizer ကတော့ Optimizer တစ်ခုထက်ကိုပိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Windows, Hardware, Software နဲ့ ပက်သက်ပြီး Information တွေကြည့်နိုင်တဲ့ Control လုပ်နိုင်တဲ့ Functions တွေတော်တော်များများပါလာလို့ပါ။ ဘာ Function တွေပါတယ်ဆိုတာ အောက်မှာပုံနဲ့ဖော်ပြထားပါတယ်။ အများကြီးမို့လို့ ကျွန်တော်မရှင်းပြနိုင်တာခွင့်လွှတ်ပါ။ CPU model အမျိုးအစား၊ Motherboard အမျိုးအစား၊ Ram အမျိုးအစား စတဲ့ Information တွေကိုလည်း ဒီဆော့ဝဲလေးကနေ အသေးစိတ်ကြည့်ရှုနိုင်ပါသေးတယ်။ Windows system ပိုင်းကို manage လုပ်ချင်သလား။ Privacy တွေ Permission တွေကိုပြုပြင်မလား။ အများကြီးပါပဲ။ Function တစ်ခုကိုထောက်လိုက်တာနဲ့ ဒါကဘာအတွက် ဘာလုပ်တယ်ဆိုတာ Description လေးတွေဖော်ပြထားလို့ အသုံးပြသူတွေအတွက် အဆင်ပြေမှာပါ။ အားလုံးကတော့ အသုံးဝင်တဲ့ Tool တွေ Function တွေဆိုတာကိုတော့ ကျွန်တော်ပြောရဲပါတယ်...

Wednesday, June 29, 2016

မန်မိုရီစတစ် (USB ) ဖြင့် ဝင်းဒိုးတင်လိုသူများအတွက် Rufus 2.9


File Size - 910.8 KB

ကျွန်တော်တို့ Windows တင်ဖို့အတွက် တချို့လက်တော့တွေမှာ DVD Drive မပါတာတို့ DVD Drive ရှိသော်လည်း တစ်ခုခုချို့ယွင်းခဲ့ရင် USB ကိုသုံးပြီး Windows တင်ရတော့မှာပါ။ ဒီတော့ USB ကနေ Windows boot တက်အောင်လုပ်ပေးမယ့်ဆော့ဝဲလေး တော့လိုတာပေါ့။ Rufus ကတော့ အဲ့ထဲကတစ်ခုပါပဲ။ Windows တင်မဟုတ်ဘဲ Linux နဲ့ firmware တင်ဖို့ပါသုံးနိုင်တယ်။ Linux ဆို အခုနောက်ထွက် Kali 2.0 ထိ support ဖြစ်ပါတယ်။ ဖိုင်ဆိုဒ်လည်းသေးပြီး အင်စတောလုပ်စရာလည်းမလိုပါဘူး။ ချက်ချင်းဖွင့် ချက်ချင်းသုံးနိုင်ပါတယ်။ အသုံးပြုပုံလေးကလည်း လွယ်ကူပါတယ်။ အောက်ကပုံလေးကို ကြည့်ရင် နားလည်မှာပါ ....

ကျွန်တော်၏ဝန်ခံချက်

စာချန်ထားခဲ့ပါ ....

နိုင်ငံအလိုက်လည်ကြသူများ

Flag Counter

လာရောက်ကြည့်ရှုသူများ