Saturday, July 2, 2016
Write Protection ဆိုတာဘာလဲ? ဘယ်လိုဖျက်လို့ရနိုင်မလဲ?
Write Protection ဆိုတာ USB နဲ့ SD card တို့မှာ ဖြစ်လေ့ဖြစ်ထရှိတဲ ပြသနာပါ။ SD Card နဲ့ တချို့ USB တွေမှာဆို Lock switch လေးရှိပါတယ်။ အဲ့ဒါကို On ထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Write Protection ဖြစ်တယ်ဆိုတာ USB နဲ့ SD card ကြောင့်မဟုတ်ဘဲ တခြားအကြောင်း အရာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လို အကြောင်းကြောင့် ဖြစ်တယ်ဆိုတာ သေချာသိဖို့ နည်းလမ်းအချို့နဲ့ ဖြေရှင်းနည်းကို ဖော်ပြထားပါတယ် ...
- ၁။ သင့် USB ဒါမှမဟုတ် SD card နီရဲနေပြီးနေ နေရာလွတ်မရှိသလောက်ဖြစ်နေရင် Error ဖြစ်ပြီး Write-Protected ဖြစ်နေတတ်ပါတယ်။ ဖြစ်တော့ဖြစ်ခဲပါတယ်။
- ၂။ ကိုယ်ကူးမယ့်ဖိုင်က Read-only ဖြစ်နေရင်လည်း Write-Protected ဖြစ်တတ်ပါတယ်။ ဒီလိုအခြေနေမျိုးမှာဆို ကိုယ်ကူးတဲ့ဖိုင်ကို Right Click > Properties ထဲမှာ Read-only ကို အမှန်ခြစ်ရှိမရှိစစ်ပါ။ ရှိနေရင်အမှန်ခြစ်ဖြုတ်ပြီး Apply ကိုနှိပ်ပေးပါ။
- ၃။ တစ်ခါတစ်ရံ Virus တွေကြောင့်လည်း Write-Protected ဖြစ်တတ်ပါတယ်။ သေချာအောင် USB ကိုကွန်ပျူတာမှာ တပ်ထားပြီး Antivirus ဆော့ဝဲတစ်ခုခုနဲ့ Scan လုပ်ပါ။ Malwarebytes Anti-malware ဟာလည်း virus သတ်ရာမှာတော်တော်လေးထိရောက်တဲ့ ဆော့ဝဲပါ။ USB ကဖြစ်တာသေချာ သလောက်ရှိတယ်ဆိုရင်တော့ UsbFix ဆော့ဝဲလေးနဲ့ Clean လုပ်ကြည့်ပါ။
- ၄။ သင့် USB ဒါမှမဟုတ် SD Card ဟာ Read-only mode ဖြစ်နေခဲ့ရင်လည်း Write-Protected ဖြစ်နေတတ်ပါတယ်။ ဒီနေရာမှာ cmd ကိုအသုံးပြုပြီးဖြေရှင်းနိုင်ပါတယ်။ Win+R နှိပ်ပြီး Run box မှာ cmd လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ Command Prompt ပေါ်လာလျှင် အောက်ပါပုံအတိုင်းဆက်လုပ်ပါ။
- ၅။ Write-Protected ကကိုယ့်ကွန်ပျူတာကို တပ်တဲ့ USB တိုင်းလိုလိုဖြစ်နေတယ်ဆိုရင်တော့ Windows မှာတစ်ခုခုချို့ယွင်းနေပါပြီ။ ဒါဆိုရင်တော့ Registry ထဲမှာ ပြုလုပ်ရပါလိမ့်မယ်။ Win+R နဲ့ run box ဖွင့်ပြီး Regedit လို့ရိုက်ပြီး Enter ခေါက်ပါ။ ပြီးရင် အောက်ပါလမ်းကြောင်းအတိုင်း သွားပါ။ HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\StorageDevicePolicies .... StorageDevicePolicies folder မရှိသေးရင် ခုနက Control folder ပေါ် Right Click ပေးပြီး New > Key ကိုနှိပ်ပါ။ Name ကို StorageDevicePolicies လို့ပေးပါ။ ဒီ StorageDevicePolicies folder ပေါ်မှာပဲထပ်ပြီးတော့ Right Click > New > DWORD (32-bit) Value ကိုရွေးပါ။ WriteProtect လို့နာမည်ပေးပါ။ ပြီးရင် သူ့ကို Double Click ပေးပြီး Value data မှာ 0 ထားပြီး OK နှိပ်ပေးပါ။ Registry ကိုပိတ်ပြီး Restart လုပ်ပါ။ Windows ပြန်တက်လာရင် Write-Protected ရှိတော့မည်မဟုတ်ပါ။
- ၆။ ကဲ...အပေါ်ကနည်းအတိုင်းလည်းလုပ်တယ်။ Write-Protected ဖြစ်နေတုန်းပဲဆိုရင်တော့ USB ကို Safe Mode ကနေ Format လုပ်ပေးရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ Safe mode နဲ့မဟုတ်ရင် Format လုပ်ဖို့အဆင်မပြေပါဘူး။ Windows ကို Restart လုပ်ပြီး F8 နှိပ်ကာ Safe mode ကိုဝင်ပါ။ My Computer ကိုဖွင့်ပြီး USB Drive ကို Right Click > Format ကိုရွေးပါ။ Quick Format မှာ အမှန်ခြစ်လေးဖြုတ်ပြီး Start နှိပ်ပါ။ အနည်းငယ်ကြာပါလိမ့်မယ်။
အားလုံးထဲက တစ်နည်းမဟုတ် တစ်နည်းနဲ့ အဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
wikiHow မှဘာသာပြန် မှီငြမ်းရေးသားထားပါသည်။
ကျွန်တော်လည်းလေ့လာနေသူတစ်ဦးမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပါခင်ဗျာ ... ITWARE-II-
ခေါင်းစဉ်
နည်းပညာဆိုင်ရာ
Subscribe to:
Post Comments (Atom)
လက်ရှိရေပန်းစားနေတာလေးတွေ
-
မန်မိုရီစတစ် (USB ) ဖြင့် ဝင်းဒိုးတင်လိုသူများအတွက် Rufus 2.9
-
COC Player များအတွက် Auto attack / Auto troop train / Auto farm / Auto troop request / Auto troop donate / Auto wall upgrade / Auto barrack boost / Auto King queen boost / Auto collector collect လုပ်ပေးမယ့် apk
-
မန်မိုရီစတစ် (USB) ဖြင့် ဝင်းဒိုးတင်နည်း (Windows 7 တင်နည်းအပါအဝင်)
-
သင့်ဖုန်း ဘက်ထရီကြာကြာ အသုံးခံစေမည့် နည်းလမ်း (၁၀) မျိုး
-
Power ISO ဖြင့် image file လုပ်နည်း
စာချန်ထားခဲ့ပါ ....
ခေါင်းစဉ်အလိုက်ရှာရန်
- Android Application များ (6)
- Android OS ဆိုင်ရာ (2)
- Antivirus ဆိုင်ရာ (5)
- Facebook ဆိုင်ရာ (3)
- Hacking ဆိုင်ရာ (3)
- Software ဆိုင်ရာ (14)
- Virus ဆိုင်ရာ (2)
- ကွန်ပျူတာနည်းပညာဆိုင်ရာ (13)
- နည်းပညာဆိုင်ရာ (22)
- ဖုန်း Application ဆိုင်ရာ (7)
- ဖုန်းဗဟုသုတဆိုင်ရာ (4)
0 ယောက် ကွန်မန့်ပေးသွားသည်။:
Post a Comment