Showing posts with label Antivirus ဆိုင်ရာ. Show all posts
Showing posts with label Antivirus ဆိုင်ရာ. Show all posts
Monday, June 27, 2016

ပေါ့ပါးပြီး ထိထိရောက်ရောက် ဗိုင်းရပ်ရန်ကိုနှိပ်နင်းပေးနိုင်တဲ့ Malwarebytes Anti-Malware 2.2.1.1043

File size - 21.79 MB

Malwarebytes Anti-Malware လေးကတော့ သာမန် Antivirus ဆော့ဝဲတွေတောင် မရှာပေးနိုင်တဲ့ Virus, Worm, Spyware, Adware, Trojan horse အပြင် rootkits စတာတွေကို ဖယ်ရှားပေးနိုင်လောက်အောင်ကိုကောင်းပါတယ်။ နောက်ဆုံးထွက်ထားတဲ့ Version ဖြစ်ပြီး အရင် Version နဲ့မတူဘဲ ရှင်းလင်းတဲ့ ပုံစံမျိုးအပြင် Function အသစ်တွေလည်းပါလာတာကိုတွေ့ရပါတယ်။ သင့်ကွန်ပျုတာမှာ Antivirus ဆော့ဝဲ (eg. Kaspersky, Bitdefender, Avira) တစ်ခုခုသွင်းထားခဲ့ရင်တောင် ဒီကောင်လေးနဲ့အတူတွဲသုံးနိုင်ပါတယ်။ ကွန်ပျူတာကို လေးပင်ေ စခြင်းတွေလည်း မရှိပါဘူး။ Premium နဲ့ Free version ဆိုပြီး နှစ်မျိုးရှိပါတယ်။ Premium မှာတော့ Real-time Protection, Web Protection နှစ်ခုပါပြီး Antivirus ဆော့ဝဲတစ်ခုလို လုပ်ဆောင်မှာဖြစ်တဲ့အတွက်ကြောင့် ကွန်ပျူတာမန်မိုရီကိုတော့ တော်တော်သုံးပါလိမ့်မယ်။ ဒါ့အပြင် သင့်စက်ထဲမှာ အခြား Antivirus ဆော့ဝဲရှိခဲ့ရင် Real-time Protection နှစ်ခုကို တစ်ချိန်တည်း လုပ်ဆောင်နေသလိုဖြစ်ပြီး စက်လေးခြင်း၊ error တက်ခြင်းတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် Antivirus ဆော့ဝဲတစ်ခုရှိပြီးသာဆိုရင်တော့ Free version အနေနဲ့ပဲသုံးတာ ပိုသင့်တော်ပါလိမ့်မယ်။ သင့်ကွန်ပျူတာမှာ Virus ရှိနေပြီလို့ထင်ရင်တော့ ဒီဆော့ဝဲလေးကို ဖွင့်ပြီး Scan လုပ်ပေးရုံပါ။ ချက်ချင်းဆိုသလိုပင် Virus ရှိနေတဲ့သင့်ကွန်ပျူတာ ပေါ့ပါးသွားပါလိမ့်မယ် ...

Saturday, February 6, 2016

USB မှဗိုင်းရပ်ဝင်ခြင်းကို ကာကွယ်ပေးမယ့် SmadAV 10.4 (နောက်ဆုံးထွက်)


File Size - 1.22 MB

ကျွန်တော့်ဘလော့လေးနဲ့တောင် အဆက်သွယ်ပျက်တာ တော်တော်ကြာသွားပြီ။ ဒီနေ့အဖို့ အားလုံးအတွက် အသုံးဝင်မယ့် ဆော့ဝဲလ်လေးကို တင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ ကွန်ပျူတာတစ်ခုကနေတစ်ခုကို ဖိုင်တွေကူးပြောင်းရာမှာ မန်မိုရီစတစ်(USB) ကိုအသုံးပြုကြပါတယ်။ သာမန်ကွန်ပျူတာအသုံးပြုသူအတွက်ကတော့ ဗိုင်းရပ်မဝင်နိုင်ပါဘူး။ ဝင်ခဲ့ရင်လည်း အနည်းအကျဥ်းပေါ့။ ဆိုလိုချင်တာကတော့ ကွန်ပျူတာအများစုက မန်မိုရီစတစ်ကနေပဲဗိုင်းရပ်ကူးကြတာပါပဲ။ သူငယ်ချင်းဆီက ဟိုဖိုင်ကူး ဒီဖိုင်ကူး၊ ဇာတ်လမ်းတွေ၊ ဆော့ဝဲလ်တွေ ကူးရာကတစ်ဆင့် သူ့ကွန်ပျူတာထဲမှာရှိတဲ့ဗိုင်းရပ်တွေက USB ထဲပါလားပြီး ကိုယ့်ကွန်ပျူတာမှာ တပ်လိုက်တာနဲ့ အမှန်အကန်ဝင်လာတော့မှာပါ။ အဲ့ဒိလိုမဖြစ်ရလေအောင် SmadAV USB Antivirus လေးကိုသုံးဖို့ညွှန်းချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သုံးဆဲဖြစ်တာကြောင့် အမှန်အကန် ကောင်းတယ်လို့ဝန်ခံပါတယ်။ တခြား USB Antivirus ဆော့ဝဲလ်တွေ ထက်သာပါတယ်။ ဗိုင်းရပ်စစ်တာကလည်း အခုခေတ်စကားနဲ့ဆို မြန်ချက်က 9 ကျော်တယ်တို့ပေါ့ဗျာ။ ဖိုင်ဆိုဒ်လည်းသေးသလောက် တကယ်ထိရောက်တဲ့ ဆော့ဝဲလ်လေးပါ။ သုံးကြည့်ဖို့တိုက်တွန်းပါတယ် ...

Friday, December 4, 2015

ကွန်ပျူတာမှာရှိတဲ့ဗိုင်းရပ်တွေကို လုံးဝဖယ်ရှားချင်ပါသလား? Panda Cloud Cleaner လေးနဲ့ပိုးသတ်ဆေးဖျန်းရအောင်။ (December Special)


(ဒီကောင်လေးကိုသုံးပြီးသွားရင်တော့ Virus မရှိတဲ့ကွန်ပျူတာလို မြန်ဆန်လာပါလိမ့်မယ်။)

ကျွန်တော်တို့ ကွန်ပျူတာကို Windows အသစ်တင်လိုက်ပြီဆိုရင် အရမ်းပေါ့ပါးပြီးသုံးရပြုရတာလည်း ဘာသောကမှမရှိပါဘူး။ နောက်တော့
Software တွေသွင်းဘာတွေသွင်းနဲ့စက်ကအရင်လောက် အလုပ်လုပ်တာနည်းနည်းနှေးလာရော။ပိုဆိုးတာကသူငယ်ချင်းဆီက
ဆော့ဝဲလ်အသစ်တွေ၊ သီချင်းတွေ၊ ဇာတ်လမ်းတွေလိုချင်တော့ မန်မိုရီစတစ်နဲ့ကူးလာတယ်။စတစ်ထဲမှာလည်းဗိုင်းရပ်ပါလာတာမသိဘူး။
ဗိုင်းရပ်စစ်ရင်လည်းကြာမှာဆိုတော့ မစစ်မိလိုက်ဘူး။အဲ့မှာ...ကိုယ့်ကွန်ပျူတာထဲလည်းထိုးလိုက်ရော -ီးတွေဖြစ်ကုန်ရော။
ဟဲဟဲ .... ခေတ်စကားနဲ့ဆို အဲ့လိုပြောနေကြတာမှလား။ ထားပါတော့။

ဒါနဲ့ ခေါင်းစဉ်ဖတ်ပြီး နည်းနည်းလေးတော့ စဉ်းစားမိသွားတယ်ဟုတ်? :D ဘာရယ်မဟုတ်ပါဘူး။ ခေါင်းစဉ်ဆန်းဆန်းလေးဖြစ်အောင်ပေးထားတာပါ။
ဆန်းရတယ့်အကြောင်းအရင်းကလည်းရှိသကိုး။

Panda Cloud Cleaner ဆိုတာ ကျွန်တော်အရင်ကတင်ခဲ့တဲ့ Panda Free Antivirus ရဲ့Program ထဲမှာပါဝင်တဲ့ (Utility) အသုံးဝင်တဲ့
tool တစ်ခုပါ။ Tool လို့ဆိုမှာထက်ဆော့ဝဲလ်လို့ဆိုချင်ပါတယ်။ သူလုပ်ဆောင်ပေးမှာက သာမန်မှမဟုတ်ဘဲ။ ဘယ်လိုလဲဆိုတော့..
ဒီ(Panda Cloud Cleaner) ဆော့ဝဲလ်က သာမန် Antivirus တွေ သတိမထားမိတဲ့၊ ဖျက်လို့မရတဲ့ဗိုင်းရပ်တွေကို ရှင်းပေးမှာဖြစ်လို့ပါ။
အဲ့ဒိလိုပြောလို့ သာမန်ကွန်ပျူတာထဲမှာသွင်းထားတဲ့ Antivirus ဆော့ဝဲလ်တွေကို အသုံးမဝင်ဘူးလို့ထင်ကောင်းထင်ပါလိမ့်မယ်။ သူတို့ကတော့
လုပ်ဆောင်ချက်တွေအများကြီးလုပ်ရတာကိုး။ အခု Panda Cloud Cleaner က ဗိုင်းရပ်တစ်မျိုးတည်းကိုသာ နှိမ်နင်းဖို့အတွက် သီးသန့်နည်းပညာနဲ့
ပညာရှင်တွေထုတ်ထားတာပါ။ Kaspersky, Avira, Bitdefender Antivirus တွေမှာလည်းဒီလိုသီးစန့်ဗိုင်းရပ်သတ်တဲ့ဆော့ဝဲလ်တွေရှိပါတယ်။
သင့်ကွန်ပျူတာမှာ Antivirus ဆော့ဝဲလ်သွင်းထားရုံနဲ့မလုံလောက်သေးဘူးနော်။

ကဲ...ဗိုင်းရပ်ကွန်ပျူတာထဲမှာ ရှိနေပြီလို့ထင်ရင်တော့ Panda Cloud Cleaner လေးသုံးပြီးပိုးသတ်ဆေးလေးဖျန်းပေးလိုက်ကြရအောင်ဗျာ ...
Wednesday, December 2, 2015

Antivirus ဆော့ဝဲလ်ရှာနေလား? Panda Free Antivirus ကိုမကျော်သွားနဲ့နော်

  
Antivirus ဆိုတာ ကွန်ပျူတာထဲမှာ မရှိမဖြစ်လိုအပ်တာလေးပါ။ အဲ့ဒိတော့ ဘယ် Antivirus သုံးရင်ကောင်းမလဲဆိုတာစဉ်းစားသင့်ပြီ။
Antivirus software တွေကအများကြီးရှိတဲ့ထဲကမှ Kaspersky, Bitdefender, McAfee တို့ကတော့နာမည်ကြီးတွေဆိုတာမမှားပါဘူး။
Official license ကိုဝယ်သုံးရင်တော့အကောင်းဆုံးပေါ့ဗျာ။ Antivirus တွေအများကြီးရှိတဲ့ထဲမှာ ကျွန်တော့်တို့ဝယ်လည်းမသုံးချင်ဘူး၊
ကောင်းလည်းကောင်းရမယ်ဆိုရင်တော့ ဘလော့မိတ်ဆွေတို့ကို Panda Free Antivirus လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အားလုံးသိကြတဲ့
အတိုင်းပဲ Free လို့ပါနေတော့အလကား သုံးရမှာပေါ့ဗျာ။ ကျွန်တော်ကိုယ်တိုင် ဒီနေ့ဒေါင်းလော့ဆွဲပြီး သုံးကြည့်ပြီးပါပြီ။ အခုလည်းသုံးနေဆဲပါ။
ကျွန်တော်အမှန်တိုင်းပြောရမယ်ဆို သုံးခဲ့ဖူးတဲ့ Antivirus ထဲမှာ အကောင်းဆုံးလို့ဆိုရမှာပဲ။ ဘာ Antivirus သုံးရကောင်းမှန်း တဝဲလည်လည်
ဖြစ်နေရင်တော့ Panda Free Antivirus လေးကိုသုံးကြည့်ဖို့ တိုက်တွန်းပါရစေ။ ဆုတွေလည်း ရရှိထားတာဖြစ်လို့စိတ်ချလို့ပါတယ်။
ဘယ်တွေကောင်းတယ်၊ ဘာတွေလုပ်လို့ရတယ်ဆိုတာ နောက်စာမျက်နှာမှာဆက်ရှင်းပြထားပါတယ်။


Sunday, November 29, 2015

Panda Cloud Cleaner နဲ့ဗိုင်းရပ်ကို ဘယ်လိုရှင်းမလဲ (ပထမနည်း)


ဒါကတော့ ဒီပိုစ့်ရဲ့အဆက်ပါ။ "ကွန်ပျူတာမှာရှိတဲ့ဗိုင်းရပ်တွေကို လုံးဝဖယ်ရှားချင်ပါသလား? Panda Cloud Cleaner လေးနဲ့ပိုးသတ်ဆေးဖျန်းရအောင်။ (December Special)"

ပထမနည်း

1. Panda Cloud Cleaner.exe ကိုဒေါင်းလော့လုပ်ပါ။ 
 
2. ဒေါင်းလော့လုပ်ပြီးသွားပြီဆိုရင်တော့ Panda Cloud Cleaner.exe ကို Double Click နှိပ်ပြီး Run ပါ။
3. Next ကိုကလစ်ပါ။

4. Install လုပ်နေပါလိမ့်မယ်။
 
5. Installation ပြီးသွားပြီဆိုရင်တော့ Launch Panda Cloud Cleaner ကိုအမှန်လေးခြစ်ပြီး Finish
   ကိုနှိပ်ပါ။
 
6. Accept and Scan ကိုကလစ်နှိပ်ပါ။ မနှိပ်ခင် Internet ဖွင့်ထားပါ။
 
7. Downloading Update လို့ပေါ်လာပြီး လိုအပ်တဲ့ဖိုင်တချို့ကို ဒေါင်းလော့လုပ်နေပါလိမ့်မယ်။
    လိုင်းကောင်းရင် ငါးမိနစ်နီးပါးလောက်ပဲကြာပါတယ်။
 
8. Update ပြီးသွားရင်တော့ Scan လုပ်နေပါလိမ့်မယ်။ ကိုယ့်စက်ထဲမှာ ဖိုင်တွေသွင်းထားတဲ့အပေါ်
    မူတည်ပြီးကြာပါလိမ့်မယ်။ ကျွန်တော်ကတော့ ၁၀ မိနစ်လောက်ကြာပါတယ်။
 
9. အင်တာနက်ကိုဖွင့်ပေးထားပါ။ မပိတ်ပါနဲ့။ 
 
10. Applying Disinfection လုပ်နေပါလိမ့်မယ်။ အဲ့ဒါပြီးရင်တော့ Scan ပြီးဆုံးကြောင်းပြောပါလိမ့်မယ်။
11. အဲ့ဒိနောက် Virus တွေ ရှင်းဖို့ Clean ဆိုတာကို နှိပ်လိုက်ရုံပါပဲ။ ပြီးရင်တော့ Restart လုပ်ပေးပါ။
 
 အဆင်မပြေတာရှိရင် Comment မှာရေးထားခဲ့ပါခင်ဗျာ။
 

ကျွန်တော်၏ဝန်ခံချက်

စာချန်ထားခဲ့ပါ ....

နိုင်ငံအလိုက်လည်ကြသူများ

Flag Counter

လာရောက်ကြည့်ရှုသူများ