Showing posts with label ဖုန်း Application ဆိုင်ရာ. Show all posts
Showing posts with label ဖုန်း Application ဆိုင်ရာ. Show all posts
Friday, July 15, 2016

Data Saving Mode ပါဝင်လာတဲ့ Facebook 87.0.0.0.18 နောက်ဆုံးထွက်




July 13 ရက်ကမှ အသစ်ထွက်ရှိထားတဲ့ Facebook နောက်ဆုံး version ပါ။ Android 4.0.3 နှင့်အထက်မှာ အသုံးပြုနိုင်ပါတယ်။ ထူးခြားတဲ့အနေနဲ့သူ့မှာ ဓာတ်ပုံလေးတွေကို Resolution နည်းနည်းနဲ့ ကြည့်ရလည်းအဆင်ပြေအောင် Data အသုံးပြုမှုလည်းသက်သာအောင် Data saving mode လေးပါလာပါတယ်။ ကမ္ဘာတစ်လွှမ်းကလွှင့်တဲ့ Live video တွေကိုလည်းလွယ်လင့်တကူ ကြည့်ရှုနိုင်မှာပါ။ Live video တင်တာက ဒီ version မှာရပေမယ့် ကျွန်တော့်ဖုန်း 4.4.2 မှာတော့ တင်လို့မရသေးပါဘူး။ ကျွန်တော့်အထင် Android version နိမ့်တာကြောင့်ဖြစ်ပါလိမ့်မယ် ...

Thursday, December 10, 2015

COC Player များအတွက် Auto attack / Auto troop train / Auto farm / Auto troop request / Auto troop donate / Auto wall upgrade / Auto barrack boost / Auto King queen boost / Auto collector collect လုပ်ပေးမယ့် apk


 MMAS မှရှာတွေ့လို့ မျှဝေပေးလိုက်ပါတယ်။ COC ကစားသူတွေအတွက်တော့ အဆင်ပြေတာပေါ့ဗျာ။
အသုံးပြုဖို့အတွက် Root ဖောက်ထားဖို့တော့လိုပါလိမ့်မယ်။

မြန်မာ COC player များအတွက် COC ကိုကိုယ်နှိပ်စရာမလိုပဲ သူ့ဟာသူလူထုတ်ပြီး.တိုက်ပေးပြီးတော့ပိုက်ဆံရှာပေးတဲ့ android apk လေးပါ။
မအားတဲ့အခါဖုန်းဖွငိ့ပြီးပစ်ထားလို့ရပါတယ်။ ဥပမာ – ရေချိုးထမင်းစားနေတုန်း။ ညအိပ်နေတုန်း။ အလုပ်လုပ်နေတုန်းပေါ့။  မသိသေးသူများ
အတွက်ဝေမျှပေးလိုက်ပါတယ်။   သိပြီးသားဆိုလည်းနှစ်ခါတတ်တာပေါ့။ အလုပ်များတဲ့သူတွေအတွက်တော့  ကွက်တိပါပဲ။    ကွန်ပျူတာနဲ့သုံးတဲ့
software တွေလောက်မကောင်းပေမဲ့ ကွန်ပျူတာမရှိတဲ့သူတွေဖုန်းနဲ့တင် သုံးလို့ရတာကအားသာချက်ပါ။

နေ့တစ်ဝက် (၂နာရီ ၂ခါ – ၄နာရီ) လောက်ဖွင့်ထားမယ်ဆိုရင်တောင်သိန်း ၆၀ လောက် ရပါတယ်။

နံရံတွေကိုလဲ auto မြှင့်ပေးပါတယ်။

ကိုယ်တိုင်ဖုန်းဖွင့်ပြီးကစားသလိုပဲဖြစ်တဲ့အတွက် ban ခံရမှာလဲမပူရပါဘူး။ (ကျွန်တော်ကိုယ်တိုင်သုံးနေတာပါ)။ တစ်ရာရာခိုင်နှုန်းစိတ်ချရပါတယ်။
သူ့မှာပါဝင်တာတွေကတော့- 
Monday, December 7, 2015

Graphic ကောင်းတဲ့ ကားဂိမ်းအလန်းဇား Asphalt Nitro mod 1.0.0e (Offline) Unlimited


Size - 23 MB

ကျွန်တော်လည်း Facebook ကနေဒီဂိမ်လေးကိုတွေ့တာပါ။ ဒေါင်းလော့လင့်ပျောက်သွားတာနဲ့ မတင်ဖြစ်တာပါ။ အခုပြန်ရှာပြီးတင်
ပေးလိုက်ပါတယ်။ဖိုင်ဆိုဒ်က 20 MB ကျော်ကျော်လေးပဲရှိပြီး Graphic လည်းတော်တော်လေးကောင်းတာတွေ့ရပါတယ်။ ဒီဂိမ်းက Online ကစားရတာဖြစ်ပေမယ့် အခု Offline ကစားနိုင်မှာပါ။ ပိုက်ဆံတွေလည်း Unlimited ဖြစ်တဲ့အတွက်ကြောင့် ဈေးအကြီးဆုံးပြိုင်ကားကို ချက်ချင်းဝယ်မောင်းနိုင်ပါတယ်။
Sunday, December 6, 2015

အချိန်တွေပြောင်းနေသရွေ့ သင့်ဖုန်း Lock Screen Password လဲပြောင်းမယ်။


သင် Password ရိုက်နေစဉ် ဘေးကသူငယ်ချင်းက လှမ်းရှိုးလို့ Password ကိုပြန်ချိန်းနေရသလား? ဒါမှမဟုတ်  အခြားသူတွေမသိနိုင်တဲ့ Password ထားဖို့ကြိုးစားနေတာလား ? ရွေ့လျားနေတဲ့အချိန်တိုင်းဟာ သင့်ဖုန်းရဲ့ Password ဆိုတာဘယ်သူရိပ်မိမယ်ထင်လဲ? ဒီလိုဗျ Screen Lock - Time Password လေးကသင့်ဖုန်းအချိန်(နာရီ)ပေါ်မျူတည်ပြီး Password ကပြောင်းနေလို့ပါ။ ဥပမာပြောရမယ်ဆိုရင် သင်ဖုန်းကိုဖွင့်လိုက်လို့ အချိန်က 02:10 မိနစ် ရှိပြီဆိုရင် Password က "0210" ဖြစ်သွားပြီး အဲ့ဒိဂဏန်းလေးလုံးရိုက်ထည့်မှ သင့်ဖုန်း Lock Screen ပွင့်မှာဖြစ်ပါတယ်။ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်နော် ...

သင့်ဖုန်းကိုလုံခြုံစေဖို့ CM Security (apk)


CM Security လေးရှိတာနဲ့ သင့်ဖုန်းရဲ့ လုံခြုံရေးပိုင်းရော၊ဗိုင်းရပ် အန္တရာယ်ဘက်မှာရောစိတ်ချရလောက်ပါပြီ။ ဖုန်းတွေမှာဗိုင်းရပ်ဝင်တာသိပ်မတွေ့ရပေမယ့် ကြိုတင်ပြင်ဆင်ခြင်းထားဖို့က ကိုယ့်အပိုင်းလေ။ CM Security က Oscar of the antivirus world ဆုကို ၇ ကြိမ်မြောက်ရရှိထားတာဖြစ်ပြီး နာမည်ကြီး AV-TEST Antivirus engine ကိုထည့်ထားလို့ Virus ရန်ကိုကြောက်စရာမလိုတော့ပါဘူး။ Security ပိုင်းမှာလည်းဖုန်းထဲက Application (such as Message, Gallery, Facebook etc...) တွေကိုအခြားသူတွေ အသုံးမပြုနိုင်အောင် Password ခတ်ထားလို့ရပါတယ်။ ဒါ့အပြင် သင့်ဖုန်းထဲမှာရှိတဲ့ အချက်အလက်တွေကို 2 GB Storage ရှိတဲ့ Cloud Vault မှာ Free Upload တင်နိုင်မှာဖြစ်ပြီး... သင့်ဖုန်းပျက်စီးသွားလို့ အချက်အလက်တွေ ပါပျက်စီးသွားရင်လည်း Cloud Vault ကနေတစ်ဆင့်ပြန်လည် Download ယူနိုင်တာကြောင့်အရမ်းကိုအသုံးဝင်တဲ့ Application ပါ။

ဖုန်း Screen အလင်းရောင်လျှော့ပးမယ့် Bluelight Filter for Eye Care (apk)

 
ဖုန်းတွေလည်း အသုံးပြူတွင်ကျယ်လာကြသလို နေ့စဉ်နဲ့အမျှ ညဉ့်နက်တဲ့အထိ ဖုန်းကိုထိုင်ပွတ်နေမယ်ဆိုရင်တော့
သင့်မျက်စိအနာဂတ်အတွက်ကတော့ မှန်ကြောင်ဖြစ်တော့မယ်ဆိုတာကိုပဲ။ အဲ့ဒိလို မှန်ကြောင်မဖြစ်အောင်ဒီ App လေးက ကာကွယ်ပေးမှာပါ။ ဖုန်းအလင်းကိုနဂိုဖုန်းမှာလျှော့ပေးနိုင်တဲ့အလင်းထက်ကို ပိုလျှော့ပေးမှာဖြစ်လို့ဖုန်းကိုအမှောင်ထဲမှာ မျက်စိမထိခိုင်ပဲကြာရှည်အသုံးပြုနိုင်မှာပါ။

Bluelight Filter for Eye Care 1.945 (apk) - Download Here
Moboginie တို့ Google Play တို့မှလည်း Bluelight Filter လို့ရိုက်ရှာပြီး ဒေါင်းလော့လုပ်နိုင်ပါတယ်။


Thursday, December 3, 2015

စာဖတ်ဝါသနာပါသူများအတွက် Scribd (.apk)

Size - 25.76 MB

ဒီ App လေးရှိရုံနဲ့ ဖုန်းကနေ Up to date စာဖတ်နိုင်မှာပါ။ အင်တာနက်တော့ လိုပါမယ်။ ဒီ App ကနေတိုက်ရိုက် Live ဖတ်ရှုနိုင်သလို
ဖုန်းထဲမှာသိမ်းထားချင်တယ်ဆိုလည်း ဒေါင်းလော့လုပ်ပြီးသိမ်းထားနိုင်ပါတယ်။ Search Box မှာဖတ်ချင်တဲ့အမျိုးအစား ၊ ခေါင်းစဉ် ကို
မည်သည့်ဘာသာနဲ့မဆိုရှာနိုင်ပါတယ်။ မြန်မာလိုလည်းရှာလို့ရသလို မြန်မာစာအုပ်တွေလည်းရှိပါတယ်။

Scribd (apk) - Download here
Moboginie တို့ Google Play တို့မှာလည်း Scribd လို့ရိုက်ရှာပြီး ဖုန်းကနေအလွယ်တကူဒေါင်းလော့လုပ်နိုင်ပါတယ်။


ကျွန်တော်၏ဝန်ခံချက်

စာချန်ထားခဲ့ပါ ....

နိုင်ငံအလိုက်လည်ကြသူများ

Flag Counter

လာရောက်ကြည့်ရှုသူများ