Saturday, July 2, 2016

Power ISO ဖြင့် image file လုပ်နည်း


File Size - 3.6 MB

Power ISO ကတော့ image file (.iso) တွေကို mount လုပ်ရာမှာသုံးပါတယ်။ Windows 8 နှင့်နောက်ပိုင်း Windows  တွေမှာ Mount လုပ်ဖို့အတွက် Built-in ပါဝင်လာကြပေမယ့် Windows 7 နှင့်အရင် Windows တွေမှာမပါဝင်ပါဘူး။  ဒီဆော့ဝဲလေးက image file တွေကို mount လုပ်ပေးရုံမဟုတ်ဘဲ ကိုယ်နှစ်သက်ရာဖိုင်တွေကိုလည်း image file  လုပ်နိုင်ပါတယ်။ image file လုပ်နည်းကိုတော့ အောက်မှာ ပုံနှင့်တကွ ရှင်းပြထားပါတယ် ...


image file လုပ်နည်း

Power ISO ကိုဖွင့်ပါ။ ထို့နောက် ပုံအတိုင်း Add ကိုနှိပ်ပြီး ..သင် image file ဖိုင်လုပ်မယ့် file တွေအားလုံးကို select လုပ်ပြီး အောက်နားက Add ကိုနှိပ်ပါ။

ပြီးရင်တော့ Save ကိုနှိပ်ပြီး image file ကို save လုပ်မယ့် location ကိုရွေးပါ။
Save as type မှာ Standard ISO Images မပြောင်းရသေးရင် ပြောင်းပေးပြီးတော့ Save ကိုနှိပ်ပါ။
ဒါဆို image file ပြုလုပ်နေမှာ ဖြစ်ပြီး အနည်းငယ်ကြာပါလိမ့်မယ်။

Power ISO - ဒီမှာ ဒေါင်းပါ။

ကျွန်တော်လည်း လေ့လာနေသူတစ်ဦးမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပါခင်ဗျာ ... ITWARE-II



0 ယောက် ကွန်မန့်ပေးသွားသည်။:

ကျွန်တော်၏ဝန်ခံချက်

စာချန်ထားခဲ့ပါ ....

နိုင်ငံအလိုက်လည်ကြသူများ

Flag Counter

လာရောက်ကြည့်ရှုသူများ