Showing posts with label Software ဆိုင်ရာ. Show all posts
Showing posts with label Software ဆိုင်ရာ. Show all posts
Saturday, July 9, 2016
ကွန်ပျူတာအသုံးပြုသူများအတွက် Whizzo English to Myanmar Dictionary
File Size - 1.6 MB
ဒီနေ့တော့ ကွန်ပျူတာအသုံးပြုသူတွေအတွက် Dictionary ကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ကွန်ပျူတာနဲ့ စာဖတ်၊ ဘာသာပြန်တဲ့ သူတွေအတွက် ဒီဆော့ဝဲလေးက အသုံးဝင်မှာပါ။ အများစု ဖုန်းထဲမှာ Dictionary ဆော့ဝဲရှိပေမယ့် ကွန်ပျူတာထဲမှာမရှိကြပါဘူး။ အဲ့တော့ ကိုယ်က စာလုံးရှာချင်တယ်ဆိုရင် ဖုန်းလော့ဖွင့်ရတာနဲ့၊ Dictionary ဖွင့်တာကို စောင့်ရတာနဲ့၊ စာလုံးရိုက်ရတာတွေမှာ အခက်အခဲတွေ ရှိနိုင်ပါတယ်။ Zawgyi ကော Myanmar 3 ကော Support ဖြစ်ပါတယ်။ ဖိုင်ဆိုဒ်လည်း နည်းပြီး စကားလုံးရေ တော်တော်စုံတဲ့ Dictionary ကောင်လေးတစ်ခုပါ ...
ခေါင်းစဉ်
Software ဆိုင်ရာ
|
0
ယောက် ကွန်မန့်ပေးသွားသည်။
Saturday, July 2, 2016
Power ISO ဖြင့် image file လုပ်နည်း
File Size - 3.6 MB
Power ISO ကတော့ image file (.iso) တွေကို mount လုပ်ရာမှာသုံးပါတယ်။ Windows 8 နှင့်နောက်ပိုင်း Windows တွေမှာ Mount လုပ်ဖို့အတွက် Built-in ပါဝင်လာကြပေမယ့် Windows 7 နှင့်အရင် Windows တွေမှာမပါဝင်ပါဘူး။ ဒီဆော့ဝဲလေးက image file တွေကို mount လုပ်ပေးရုံမဟုတ်ဘဲ ကိုယ်နှစ်သက်ရာဖိုင်တွေကိုလည်း image file လုပ်နိုင်ပါတယ်။ image file လုပ်နည်းကိုတော့ အောက်မှာ ပုံနှင့်တကွ ရှင်းပြထားပါတယ် ...
ခေါင်းစဉ်
Software ဆိုင်ရာ
|
0
ယောက် ကွန်မန့်ပေးသွားသည်။
Thursday, June 30, 2016
ကွန်ပျူတာသုံးသူတိုင်းမှာ ဆောင်ထားသင့်တဲ့ Ashampoo WinOptimizer 14 (For Windows)
File Size - 27.09 MB
ကျွန်တော်တို့ ကွန်ပျူတာအသုံးပြုသူတွေရဲ့ စက်ထဲမှာ Optimizer ဆော့ဝဲလေး တစ်ခုကတော့ ဆောင်ထားသင့်တယ်ဗျ။ စက်ပစ္စည်းဆိုသည့် အတိုင်းလည်း error ကတော့ရှိစမြဲပါ။ နောက်ပြီး အသုံးပြုတာကြာလာသည်နှင့်အမျှ Temporary files တွေ ပျက်သွားတဲ့ software အကြွင်းအကျန်တွေ Log files တွေ Error report ဖိုင်တွေ registry error တွေ internet cache တွေစသဖြင့်ပေါ့ ... အဲ့ဒါတွေက ဖျက်ပေးသင့်တာတွေကိုဖျက်ပေး၊ error တွေဆိုလည်း ပြန်ပြင်ပေးဖို့လိုပါတယ်။ မဟုတ်ရင်တော့ Windows ဟာအသုံးပြုရတာ လေးလာမှာပါ။ အဲ့လိုမဖြစ်ရလေအောင် Hard disk ထဲက မလိုအပ်တဲ့ဖိုင်တွေဖျက်ပေးရမယ်။ Defragment လုပ်ပေးခြင်းဟာလည်း Hard disk ထဲက ရှုပ်ထွေးနေတဲ့ဖိုင်တွေကို အစဉ်တိုင်းပြန်စီပေးတာကြောင့် Hard disk loading speed ကိုမြန်စေပြီး ကွန်ပျူတာကိုသွက်လက်စေမှာပါ။ ဒါ့အပြင် Windows ရဲ့အရေးကြီးအပိုင်းဖြစ်တဲ့ Registry ကို Clean လုပ်ပေးခြင်း Defragment လုပ်ပေးခြင်းဖြင့် Windows လုပ်ဆောင်မှုတွေကို မူလအတိုင်းကောင်းမွန်လာစမှာပါ။ ဒါတွေကတော့ ကွန်ပျူတာကို Optimize လုပ်ရာမှာအရေးကြီးတဲ့အချက်ပါ။ အဲ့လိုလုပ်ဆောင်ပေးဖို့ Windows မှာ Built-in software တချို့ပါပြီးသားဖြစ်ပေမယ့် Ashampoo WinOptimizer ကတော့ ပိုပြီးထိထိရောက်ရောက် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ Ashampoo WinOptimizer ကတော့ Optimizer တစ်ခုထက်ကိုပိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Windows, Hardware, Software နဲ့ ပက်သက်ပြီး Information တွေကြည့်နိုင်တဲ့ Control လုပ်နိုင်တဲ့ Functions တွေတော်တော်များများပါလာလို့ပါ။ ဘာ Function တွေပါတယ်ဆိုတာ အောက်မှာပုံနဲ့ဖော်ပြထားပါတယ်။ အများကြီးမို့လို့ ကျွန်တော်မရှင်းပြနိုင်တာခွင့်လွှတ်ပါ။ CPU model အမျိုးအစား၊ Motherboard အမျိုးအစား၊ Ram အမျိုးအစား စတဲ့ Information တွေကိုလည်း ဒီဆော့ဝဲလေးကနေ အသေးစိတ်ကြည့်ရှုနိုင်ပါသေးတယ်။ Windows system ပိုင်းကို manage လုပ်ချင်သလား။ Privacy တွေ Permission တွေကိုပြုပြင်မလား။ အများကြီးပါပဲ။ Function တစ်ခုကိုထောက်လိုက်တာနဲ့ ဒါကဘာအတွက် ဘာလုပ်တယ်ဆိုတာ Description လေးတွေဖော်ပြထားလို့ အသုံးပြသူတွေအတွက် အဆင်ပြေမှာပါ။ အားလုံးကတော့ အသုံးဝင်တဲ့ Tool တွေ Function တွေဆိုတာကိုတော့ ကျွန်တော်ပြောရဲပါတယ်...
ခေါင်းစဉ်
Software ဆိုင်ရာ
|
0
ယောက် ကွန်မန့်ပေးသွားသည်။
Wednesday, June 29, 2016
မန်မိုရီစတစ် (USB ) ဖြင့် ဝင်းဒိုးတင်လိုသူများအတွက် Rufus 2.9
ကျွန်တော်တို့ Windows တင်ဖို့အတွက် တချို့လက်တော့တွေမှာ DVD Drive မပါတာတို့ DVD Drive ရှိသော်လည်း တစ်ခုခုချို့ယွင်းခဲ့ရင် USB ကိုသုံးပြီး Windows တင်ရတော့မှာပါ။ ဒီတော့ USB ကနေ Windows boot တက်အောင်လုပ်ပေးမယ့်ဆော့ဝဲလေး တော့လိုတာပေါ့။ Rufus ကတော့ အဲ့ထဲကတစ်ခုပါပဲ။ Windows တင်မဟုတ်ဘဲ Linux နဲ့ firmware တင်ဖို့ပါသုံးနိုင်တယ်။ Linux ဆို အခုနောက်ထွက် Kali 2.0 ထိ support ဖြစ်ပါတယ်။ ဖိုင်ဆိုဒ်လည်းသေးပြီး အင်စတောလုပ်စရာလည်းမလိုပါဘူး။ ချက်ချင်းဖွင့် ချက်ချင်းသုံးနိုင်ပါတယ်။ အသုံးပြုပုံလေးကလည်း လွယ်ကူပါတယ်။ အောက်ကပုံလေးကို ကြည့်ရင် နားလည်မှာပါ ....
ခေါင်းစဉ်
Software ဆိုင်ရာ
|
0
ယောက် ကွန်မန့်ပေးသွားသည်။
Tuesday, June 28, 2016
Browsing speed ပိုမြန်တဲ့ K-meleon Web Browser (PC)
File Size - 25.34 MB
K-meleon ဆိုတာ Firefox , Google Chrome တို့လို Browser တစ်ခုပါပဲ။ လူအသိတော့ နည်းကြမယ်ထင်ပါတယ်။ Firefox မှာသုံးထားတဲ့ Gecko layout engine ကိုအခြေခံထားတာဖြစ်ပြီး User Interface အပိုင်းမှာတော့ အနည်းငယ်လျှော့ထားတဲ့အတွက် Memory အသုံးပြုနှုန်းကို သက်သာစေမှာဖြစ်သေမှာဖြစ်ပါတယ်။ ဒါ့အပြင် Browsing speed ဟာတစ်ခြား Browser တွေထက်သိသိသာသာ မြန်တာကိုတွေ့ရမှာပါ။ လိုင်းမကောင်းတဲ အချိန်မှာပိုပြီး သိသာပါတယ်။ ယခုလက်ရှိ နောက်ဆုံးထွက် Version ကိုတင်ပေးထားပါတယ် ...
ခေါင်းစဉ်
Software ဆိုင်ရာ
|
0
ယောက် ကွန်မန့်ပေးသွားသည်။
Monday, June 27, 2016
ပေါ့ပါးပြီး ထိထိရောက်ရောက် ဗိုင်းရပ်ရန်ကိုနှိပ်နင်းပေးနိုင်တဲ့ Malwarebytes Anti-Malware 2.2.1.1043
File size - 21.79 MB
ခေါင်းစဉ်
Antivirus ဆိုင်ရာ,
Software ဆိုင်ရာ
|
0
ယောက် ကွန်မန့်ပေးသွားသည်။
Saturday, February 6, 2016
USB မှဗိုင်းရပ်ဝင်ခြင်းကို ကာကွယ်ပေးမယ့် SmadAV 10.4 (နောက်ဆုံးထွက်)
File Size - 1.22 MB
ကျွန်တော့်ဘလော့လေးနဲ့တောင် အဆက်သွယ်ပျက်တာ တော်တော်ကြာသွားပြီ။ ဒီနေ့အဖို့ အားလုံးအတွက် အသုံးဝင်မယ့် ဆော့ဝဲလ်လေးကို တင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ ကွန်ပျူတာတစ်ခုကနေတစ်ခုကို ဖိုင်တွေကူးပြောင်းရာမှာ မန်မိုရီစတစ်(USB) ကိုအသုံးပြုကြပါတယ်။ သာမန်ကွန်ပျူတာအသုံးပြုသူအတွက်ကတော့ ဗိုင်းရပ်မဝင်နိုင်ပါဘူး။ ဝင်ခဲ့ရင်လည်း အနည်းအကျဥ်းပေါ့။ ဆိုလိုချင်တာကတော့ ကွန်ပျူတာအများစုက မန်မိုရီစတစ်ကနေပဲဗိုင်းရပ်ကူးကြတာပါပဲ။ သူငယ်ချင်းဆီက ဟိုဖိုင်ကူး ဒီဖိုင်ကူး၊ ဇာတ်လမ်းတွေ၊ ဆော့ဝဲလ်တွေ ကူးရာကတစ်ဆင့် သူ့ကွန်ပျူတာထဲမှာရှိတဲ့ဗိုင်းရပ်တွေက USB ထဲပါလားပြီး ကိုယ့်ကွန်ပျူတာမှာ တပ်လိုက်တာနဲ့ အမှန်အကန်ဝင်လာတော့မှာပါ။ အဲ့ဒိလိုမဖြစ်ရလေအောင် SmadAV USB Antivirus လေးကိုသုံးဖို့ညွှန်းချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သုံးဆဲဖြစ်တာကြောင့် အမှန်အကန် ကောင်းတယ်လို့ဝန်ခံပါတယ်။ တခြား USB Antivirus ဆော့ဝဲလ်တွေ ထက်သာပါတယ်။ ဗိုင်းရပ်စစ်တာကလည်း အခုခေတ်စကားနဲ့ဆို မြန်ချက်က 9 ကျော်တယ်တို့ပေါ့ဗျာ။ ဖိုင်ဆိုဒ်လည်းသေးသလောက် တကယ်ထိရောက်တဲ့ ဆော့ဝဲလ်လေးပါ။ သုံးကြည့်ဖို့တိုက်တွန်းပါတယ် ...
ခေါင်းစဉ်
Antivirus ဆိုင်ရာ,
Software ဆိုင်ရာ
|
0
ယောက် ကွန်မန့်ပေးသွားသည်။
Wednesday, December 9, 2015
Folder အရောင်လေးတွေပြောင်းကြမယ်
Size - 1.43MB
မထင်ရှားသွားဘူးလား။ ကဲ... FolderColorizer ကသင့်ကွန်ပျူတာထဲက Folder တွေကိုသင်နှစ်သက်ရာအရောင်ပြောင်းပေးနိုင်မှာပါ။
ခေါင်းစဉ်
Software ဆိုင်ရာ
|
0
ယောက် ကွန်မန့်ပေးသွားသည်။
Tuesday, December 8, 2015
All Windows Activator နှင့် tool ပေါင်းမြောက်များစွာ
ဒီနေ့တော့ Microsoft Windows 8 Activator(All Edition) လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Activator ဆိုပေမယ့်သာမန် Activator
တော့မဟုတ်ဘူးဗျ။ ဒီဆော့ဝဲလ်လေးရှိရုံနဲ့ Windows တော်တော်များများကို Activate လုပ်နိုင်မှာဖြစ်သလို Microsoft Office ကိုပါ Activate
လုပ်နိုင်ပြီး Tweaks နဲ့ Utilities tools တွေပါထည့်ပေးထားလို့ အများကြီးအဆင်ပြေပါတယ်။ ပြောနေတာမှကြာနေဦးမယ်။ အောက်မှာ
ပုံလေးတွေနဲ့ပြထားပါတယ်။ နောက်ထူးခြားတဲ့ tool လေးတစ်ခုကတော့ x86 ready for 4GB ပါ။ သင့်ကွန်ပျူတာရဲ့ System Type က 32bit(x86) ဆိုရင် Ram 4GB ထိပဲ Support ဖြစ်ပါတယ်။သင်က 32bit(x86) system type သုံးထာပြီး Ram 4GB အထက်ကို Support
ဖြစ်ချင်ရင်တော့ x86 ready for 4GB ကကူညီပါလိမ့်မယ်။ ကျွန်တော်က 64bit သုံးတာဖြစ်လို့ ရမရကိုတော့ သေချာမစမ်းသပ်ကြည့်
ရသေးပါဘူး။ အဆင်ပြေကြပါစေ။ ကွ်ျတော်ဆို win7 ကော win8 ကောစမ်းပြီးသွားပြီဖြစ်လို့ စိတ်ချနိုင်ပါတယ်။ win8.1 တော့မရပါဘူး။
ခေါင်းစဉ်
Software ဆိုင်ရာ
|
0
ယောက် ကွန်မန့်ပေးသွားသည်။
Sunday, December 6, 2015
Android ဖုန်းရှိရင် ဒီဆော့ဝဲလ်လေးရှိသင့်တယ်။
ဒီဆော့ဝဲလ်လေးကတော့ သင့်ဖုန်းထဲမှာရှိတဲ့ Photos, Vidoes, Musics တင်မကပဲ Message တွေ Contact တွေကိုပါ ကွန်ပျူတာထဲကို
ရွှေ့ပြောင်းသိမ်းဆည်းထားနိုင်မှာပါ။ ဒါအပြင် ကွန်ပျူတာထဲက .apk နဲ့ဆုံးတဲ့ Android Application တွေကို ဖုန်းထဲကူးထည့်စရာမလိုပဲ ကွန်ပျူတာကနေတိုက်ရိုက် အင်စတောလုပ်နိုင်ပါသေးတယ်။ Full Version အနေနဲ့အသုံးပြုနိုင်မှာဖြစ်ပြီး ဖိုင်ဆိုဒ်လည်း 4.4MB ပဲရှိတာကြောင့် ဒေါင်းလော့ခဏပဲလုပ်ရမှာပါ။
ခေါင်းစဉ်
Software ဆိုင်ရာ
|
0
ယောက် ကွန်မန့်ပေးသွားသည်။
Friday, December 4, 2015
ကွန်ပျူတာမှာရှိတဲ့ဗိုင်းရပ်တွေကို လုံးဝဖယ်ရှားချင်ပါသလား? Panda Cloud Cleaner လေးနဲ့ပိုးသတ်ဆေးဖျန်းရအောင်။ (December Special)
ကျွန်တော်တို့ ကွန်ပျူတာကို Windows အသစ်တင်လိုက်ပြီဆိုရင် အရမ်းပေါ့ပါးပြီးသုံးရပြုရတာလည်း ဘာသောကမှမရှိပါဘူး။ နောက်တော့
Software တွေသွင်းဘာတွေသွင်းနဲ့စက်ကအရင်လောက် အလုပ်လုပ်တာနည်းနည်းနှေးလာရော။ပိုဆိုးတာကသူငယ်ချင်းဆီက
ဆော့ဝဲလ်အသစ်တွေ၊ သီချင်းတွေ၊ ဇာတ်လမ်းတွေလိုချင်တော့ မန်မိုရီစတစ်နဲ့ကူးလာတယ်။စတစ်ထဲမှာလည်းဗိုင်းရပ်ပါလာတာမသိဘူး။
ဗိုင်းရပ်စစ်ရင်လည်းကြာမှာဆိုတော့ မစစ်မိလိုက်ဘူး။အဲ့မှာ...ကိုယ့်ကွန်ပျူတာထဲလည်းထိုးလိုက်ရော -ီးတွေဖြစ်ကုန်ရော။
ဟဲဟဲ .... ခေတ်စကားနဲ့ဆို အဲ့လိုပြောနေကြတာမှလား။ ထားပါတော့။
Panda Cloud Cleaner ဆိုတာ ကျွန်တော်အရင်ကတင်ခဲ့တဲ့ Panda Free Antivirus ရဲ့Program ထဲမှာပါဝင်တဲ့ (Utility) အသုံးဝင်တဲ့
tool တစ်ခုပါ။ Tool လို့ဆိုမှာထက်ဆော့ဝဲလ်လို့ဆိုချင်ပါတယ်။ သူလုပ်ဆောင်ပေးမှာက သာမန်မှမဟုတ်ဘဲ။ ဘယ်လိုလဲဆိုတော့..
ဒီ(Panda Cloud Cleaner) ဆော့ဝဲလ်က သာမန် Antivirus တွေ သတိမထားမိတဲ့၊ ဖျက်လို့မရတဲ့ဗိုင်းရပ်တွေကို ရှင်းပေးမှာဖြစ်လို့ပါ။
အဲ့ဒိလိုပြောလို့ သာမန်ကွန်ပျူတာထဲမှာသွင်းထားတဲ့ Antivirus ဆော့ဝဲလ်တွေကို အသုံးမဝင်ဘူးလို့ထင်ကောင်းထင်ပါလိမ့်မယ်။ သူတို့ကတော့
လုပ်ဆောင်ချက်တွေအများကြီးလုပ်ရတာကိုး။ အခု Panda Cloud Cleaner က ဗိုင်းရပ်တစ်မျိုးတည်းကိုသာ နှိမ်နင်းဖို့အတွက် သီးသန့်နည်းပညာနဲ့
ပညာရှင်တွေထုတ်ထားတာပါ။ Kaspersky, Avira, Bitdefender Antivirus တွေမှာလည်းဒီလိုသီးစန့်ဗိုင်းရပ်သတ်တဲ့ဆော့ဝဲလ်တွေရှိပါတယ်။
သင့်ကွန်ပျူတာမှာ Antivirus ဆော့ဝဲလ်သွင်းထားရုံနဲ့မလုံလောက်သေးဘူးနော်။
Software တွေသွင်းဘာတွေသွင်းနဲ့စက်ကအရင်လောက် အလုပ်လုပ်တာနည်းနည်းနှေးလာရော။ပိုဆိုးတာကသူငယ်ချင်းဆီက
ဆော့ဝဲလ်အသစ်တွေ၊ သီချင်းတွေ၊ ဇာတ်လမ်းတွေလိုချင်တော့ မန်မိုရီစတစ်နဲ့ကူးလာတယ်။စတစ်ထဲမှာလည်းဗိုင်းရပ်ပါလာတာမသိဘူး။
ဗိုင်းရပ်စစ်ရင်လည်းကြာမှာဆိုတော့ မစစ်မိလိုက်ဘူး။အဲ့မှာ...ကိုယ့်ကွန်ပျူတာထဲလည်းထိုးလိုက်ရော -ီးတွေဖြစ်ကုန်ရော။
ဟဲဟဲ .... ခေတ်စကားနဲ့ဆို အဲ့လိုပြောနေကြတာမှလား။ ထားပါတော့။
ဒါနဲ့ ခေါင်းစဉ်ဖတ်ပြီး နည်းနည်းလေးတော့ စဉ်းစားမိသွားတယ်ဟုတ်? :D ဘာရယ်မဟုတ်ပါဘူး။ ခေါင်းစဉ်ဆန်းဆန်းလေးဖြစ်အောင်ပေးထားတာပါ။
ဆန်းရတယ့်အကြောင်းအရင်းကလည်းရှိသကိုး။
tool တစ်ခုပါ။ Tool လို့ဆိုမှာထက်ဆော့ဝဲလ်လို့ဆိုချင်ပါတယ်။ သူလုပ်ဆောင်ပေးမှာက သာမန်မှမဟုတ်ဘဲ။ ဘယ်လိုလဲဆိုတော့..
ဒီ(Panda Cloud Cleaner) ဆော့ဝဲလ်က သာမန် Antivirus တွေ သတိမထားမိတဲ့၊ ဖျက်လို့မရတဲ့ဗိုင်းရပ်တွေကို ရှင်းပေးမှာဖြစ်လို့ပါ။
အဲ့ဒိလိုပြောလို့ သာမန်ကွန်ပျူတာထဲမှာသွင်းထားတဲ့ Antivirus ဆော့ဝဲလ်တွေကို အသုံးမဝင်ဘူးလို့ထင်ကောင်းထင်ပါလိမ့်မယ်။ သူတို့ကတော့
လုပ်ဆောင်ချက်တွေအများကြီးလုပ်ရတာကိုး။ အခု Panda Cloud Cleaner က ဗိုင်းရပ်တစ်မျိုးတည်းကိုသာ နှိမ်နင်းဖို့အတွက် သီးသန့်နည်းပညာနဲ့
ပညာရှင်တွေထုတ်ထားတာပါ။ Kaspersky, Avira, Bitdefender Antivirus တွေမှာလည်းဒီလိုသီးစန့်ဗိုင်းရပ်သတ်တဲ့ဆော့ဝဲလ်တွေရှိပါတယ်။
သင့်ကွန်ပျူတာမှာ Antivirus ဆော့ဝဲလ်သွင်းထားရုံနဲ့မလုံလောက်သေးဘူးနော်။
ကဲ...ဗိုင်းရပ်ကွန်ပျူတာထဲမှာ ရှိနေပြီလို့ထင်ရင်တော့ Panda Cloud Cleaner လေးသုံးပြီးပိုးသတ်ဆေးလေးဖျန်းပေးလိုက်ကြရအောင်ဗျာ ...
ခေါင်းစဉ်
Antivirus ဆိုင်ရာ,
Software ဆိုင်ရာ
|
0
ယောက် ကွန်မန့်ပေးသွားသည်။
Thursday, December 3, 2015
ကွန်ပျူတာတိုင်းဆောင်ထားသင့်တဲ့ CCleaner
Size - 6.64MB
CCleaner ကိုတော့လူတိုင်းနည်းပါးသိကြမယ်ထင်ပါတယ်။ Cleaner ဆိုတဲ့အတိုင်း ကွန်ပျူတာကို Clean လုပ်ပေးမှာပါ။ ဖိုင်ဆိုဒ်လည်းနည်းပြီး
ထိရောက်တဲ့ ဆော့ဝဲလ်လေးပါ။ Windows ထဲက Registry error တွေကိုအလျှင်မြန်ဆုံး Fix လုပ်ပေးသွားမှာပါ။ ဒါ့ပြင် သင်က Firefox ဖြစ်ဖြစ်
Google Chrome ဖြစ်ဖြစ်သုံးတယ်ဆိုရင် CCleaner လေးကနေ Analyze လုပ်ပြီး Browsing History, Cookies, Temporary files တွေကို Clean လုပ်ပေးရုံဖြင့် ရှင်းလင်းပေးသွားမှာပါ။ ဒါကြောင့် Browser အဖွင့်အပိတ်နှင့်လုပ်ဆောင်ချက်တွေကိုမြန်ဆန်စေမှာပါ။ Registry error တွေကိုလည်း ဖြေရှင်းပေးမှာဖြစ်လို့ ကွန်ပျူတာကို အရင်ထက်သုံးရတာမြန်လာပါလိမ့်မယ်။ အခြား Tools အနေနဲ့ Disk Analyzer, Duplicate folder, Drive wiper တို့ကိုအသုံးပြုနိုင်မှာဖြစ်ပြီး Startup tools မှာလည်း Windows တက်တက်ချင်း မ Run ချင်တဲ့ဆော့ဝဲလ်တွေကို Disable လုပ်ပေးနိုင်မှာဖြစ်လို့ Windows တက်တက်ချင်း စက်လေးနေတာကို ကာကွယ်နိုင်မှာပါ…
2015 November 24 မှာ နောက်ဆုံးထွက်ထားတဲ့ Version ပါ။
CCleaner 5.12.5431 - Download Here
Support - 32bit / 64bit
Installation - ccsetup512.exe ကို Run လိုက်ရုံပါပဲ။
ခေါင်းစဉ်
Software ဆိုင်ရာ
|
0
ယောက် ကွန်မန့်ပေးသွားသည်။
Tuesday, December 1, 2015
ဝင်းဒိုး 8 အတွက် .NET Framework 3.5 Offline Installer
ဒီဆော့ဝဲလ်လေးကတော့
Windows 8 အတွက်ပါ။ ကျွန်တော် Windows 8.1 နဲ့ 10 မှာမစမ်းဖူးလို့
သုံးလို့ရမရတော့မသိသေးပါဘူး။
ကျွန်တော့်အထင်တော့ရနိုင်ပါတယ်။ စမ်းကြည့်ကြပေါ့ဗျာ။ လွယ်ပါတယ်။ Windows 8 ကနေစပြီး Windows 8.1 , Windows 10
တို့မှာ .Net Framework 4.5 ကိုသာ Auto Install လုပ်ပြီး .Net Framework 3.5 ကို Windows တင်ပြီးတာနဲ့ အော်တိုအင်စတောမလုပ်ထားပါဘူး။
ကျွန်တော့် Laptop လေးမှာတော့ Windows 8 Professional ကိုသုံးပါတယ်။
တစ်ချို့ဆော့ဝဲလ်တွေသွင်းရင် .Net Framework 3.5 requires လို့ပြပြီး install ဆက်လုပ်လို့မရတော့ပါဘူး။ နောက်ပြီး .Net Framework 3.5 ကိုဒေါင်းလော့လုပ်မယ်ဆိုရင် ဖိုင်ဆိုဒ်က Megabyte(MB) 100 ကျော်တော့ မြန်မာပြည်က အင်တာနက်နဲ့အဆင်မပြေဘူး။ Telenor တို့ Ooredoo တို့ကလိုင်းကောင်းပေမယ့် ဘေလ်ဖိုးနဲ့မွဲမှာလေ …ဟားဟား :D အဲ့တော့ ဖိုင်ဆိုဒ်နည်းနည်းနဲ့ .Net Framework 3.5 ကို အင်စတောလုပ်နိုင်မယ့်နည်းလေး မျှဝေလိုက်ပါတယ်။
တစ်ချို့ဆော့ဝဲလ်တွေသွင်းရင် .Net Framework 3.5 requires လို့ပြပြီး install ဆက်လုပ်လို့မရတော့ပါဘူး။ နောက်ပြီး .Net Framework 3.5 ကိုဒေါင်းလော့လုပ်မယ်ဆိုရင် ဖိုင်ဆိုဒ်က Megabyte(MB) 100 ကျော်တော့ မြန်မာပြည်က အင်တာနက်နဲ့အဆင်မပြေဘူး။ Telenor တို့ Ooredoo တို့ကလိုင်းကောင်းပေမယ့် ဘေလ်ဖိုးနဲ့မွဲမှာလေ …ဟားဟား :D အဲ့တော့ ဖိုင်ဆိုဒ်နည်းနည်းနဲ့ .Net Framework 3.5 ကို အင်စတောလုပ်နိုင်မယ့်နည်းလေး မျှဝေလိုက်ပါတယ်။
(မှတ်ချက် ။ ။ အခုမိတ်ဆွေသုံးနေတဲ့ Windows ရဲ့ Installation အခွေတော့ လိုမယ်နော်။)
ကဲ … ဒါဆိုစကြရအောင် …..
ခေါင်းစဉ်
Software ဆိုင်ရာ,
နည်းပညာဆိုင်ရာ
|
0
ယောက် ကွန်မန့်ပေးသွားသည်။
Monday, November 30, 2015
ကွန်ပျူတာမှာ မရှိမဖြစ်ဆောင်ထားရမယ့် Your Uninstaller Pro 7.5 (Full Version)
Size - 6.36 MB
Your Uninstaller ကတော့ အခုသင်သုံးနေတဲ့ ကွန်ပျူတာမှာ
ဆောင်ထားရမယ့် မရှိမဖြစ်ဆော့ဝဲလ်ထဲက တစ်ခုပေါ့ဗျာ။ Uninstaller ဆိုတဲ့အတိုင်း ကျွန်တော်တို့ကွန်ပျူတာထဲက ဆော့ဝဲလ်တွေကို Uninstall လုပ်ပေးမှာ ဖြစ်ပါတယ်။ Windows
မှာလဲ Original Uninstaller Program ပါပြီးသားပါ။
သို့သော် Your Uninstaller လောက်အသေးစိတ်တိကျမှုမရှိပါဘူး။ မသုံးဘူးတဲ့သူတွေအတွက်တော့
သုံးကြည့်ပါလို့
တိုက်တွန်းချင်ပါတယ်။
ပိုထူးခြားတာက Your Uninstaller က Program
တွေကို Uninstall လုပ်ပေးရုံတင်
မဟုတ်ပါဘူး။
သူ့မှာအပို Utilities tools လေးတွေပါရှိတာကိုတွေ့ရမှာပါ။
Utlities tools အမျိုးအစားတွေကို
ဖော်ပြရင်း
ဘယ်လိုအသုံးဝင်တယ်ဆိုတာ ဆက်လက်ဖတ်ရှုပါဦးခင်ဗျာ ….
ခေါင်းစဉ်
Software ဆိုင်ရာ
|
0
ယောက် ကွန်မန့်ပေးသွားသည်။
Subscribe to:
Posts (Atom)
လက်ရှိရေပန်းစားနေတာလေးတွေ
-
မန်မိုရီစတစ် (USB ) ဖြင့် ဝင်းဒိုးတင်လိုသူများအတွက် Rufus 2.9
-
COC Player များအတွက် Auto attack / Auto troop train / Auto farm / Auto troop request / Auto troop donate / Auto wall upgrade / Auto barrack boost / Auto King queen boost / Auto collector collect လုပ်ပေးမယ့် apk
-
မန်မိုရီစတစ် (USB) ဖြင့် ဝင်းဒိုးတင်နည်း (Windows 7 တင်နည်းအပါအဝင်)
-
သင့်ဖုန်း ဘက်ထရီကြာကြာ အသုံးခံစေမည့် နည်းလမ်း (၁၀) မျိုး
-
Power ISO ဖြင့် image file လုပ်နည်း
စာချန်ထားခဲ့ပါ ....
ခေါင်းစဉ်အလိုက်ရှာရန်
- Android Application များ (6)
- Android OS ဆိုင်ရာ (2)
- Antivirus ဆိုင်ရာ (5)
- Facebook ဆိုင်ရာ (3)
- Hacking ဆိုင်ရာ (3)
- Software ဆိုင်ရာ (14)
- Virus ဆိုင်ရာ (2)
- ကွန်ပျူတာနည်းပညာဆိုင်ရာ (13)
- နည်းပညာဆိုင်ရာ (22)
- ဖုန်း Application ဆိုင်ရာ (7)
- ဖုန်းဗဟုသုတဆိုင်ရာ (4)













