Monday, November 30, 2015

ကွန်ပျူတာမှာ မရှိမဖြစ်ဆောင်ထားရမယ့် Your Uninstaller Pro 7.5 (Full Version)

Size - 6.36 MB


Your Uninstaller ကတော့ အခုသင်သုံးနေတဲ့ ကွန်ပျူတာမှာ ဆောင်ထားရမယ့် မရှိမဖြစ်ဆော့ဝဲလ်ထဲက တစ်ခုပေါ့ဗျာ။ Uninstaller ဆိုတဲ့အတိုင်း ကျွန်တော်တို့ကွန်ပျူတာထဲက ဆော့ဝဲလ်တွေကို Uninstall လုပ်ပေးမှာ ဖြစ်ပါတယ်။ Windows မှာလဲ Original Uninstaller Program ပါပြီးသားပါ။ သို့သော် Your Uninstaller လောက်အသေးစိတ်တိကျမှုမရှိပါဘူး။ မသုံးဘူးတဲ့သူတွေအတွက်တော့ သုံးကြည့်ပါလို့
တိုက်တွန်းချင်ပါတယ်။ ပိုထူးခြားတာက Your Uninstaller က Program တွေကို Uninstall လုပ်ပေးရုံတင်
မဟုတ်ပါဘူး။ သူ့မှာအပို Utilities tools လေးတွေပါရှိတာကိုတွေ့ရမှာပါ။ Utlities tools အမျိုးအစားတွေကို
ဖော်ပြရင်း ဘယ်လိုအသုံးဝင်တယ်ဆိုတာ ဆက်လက်ဖတ်ရှုပါဦးခင်ဗျာ ….



1.    Startup Manager - မလိုအပ်တဲ့ Software တွေဝင်းဒိုးတက်တက်ချင်းမှာ မ Run အကောင်းဆုံးပါပဲ။ ဒီ  tool လေးကတော့ Windows စစတက်ချင်းမှာ ဘယ် Program ကို
Run မယ် မ Run တာကို Control လုပ်နိုင်မှာဖြစ်ပါတယ်။
2.    Disk Cleanup - ဒီ tool လေးကတော့ C:\ Disk D:\ Disk etc… တွေထဲက မလိုအပ်တဲ့
ဖိုင်တွေကို Delete လုပ်ပေးမှာဖြစ်ပါတယ်။
3.    Start Menu - ကျွန်တော်သိသလောက်ကတော့ ဒီ tool လေးက dead shortcut တွေကို
ပြင်ပေးတာလို့ထင်ပါတယ်။
4.    Trace Eraser - Internet Explorer သုံးသူတွေအတွက် အဆင်ပြေစေမှာပါ။ Internet temporary files တွေနှင့်အခြားမလိုအပ်သည်များကို Clean လုပ်ပေးမှာဖြစ်ပါတယ်။
5.    File Shredder - ကျွန်တော်တို့သိတဲ့အတိုင်းပဲ ကွန်ပျူတာက ဖျက်လိုက်တဲ့ဖိုင်တွေကို Recovery
လုပ်လို့ရတယ်ဆိုတာကိုပေါ့။ Disk ကို Format ချရင်တောင် ပြန်ပြီးတော့ Recovery လုပ်နိုင်ပါသေးတယ်။ ဒီ tool လေးက သင့်မှာအရေးကြီးတဲ့ဖိုင်တွေ ဒါမှမဟုတ် ဖျက်လို့မရတဲ့ဖိုင်တွေကို Permanently(အပြီးအပိုင်) ဖျက်ပေးသွားမှာဖြစ်ပါတယ်။
             6.  Windows Tools - ဒီ tool လေးကတော့ ကျွန်တော်တို့ Windows မှာပါတဲ့ tools တွေကိုစုစည်းပေးထားတာဖြစ်ပါတယ်။

Download Here --> Link 1 | Link 2 

ဆက်သွယ်လို့ရပါတယ် ---> wailinzhtay2015@gmail.com


0 ယောက် ကွန်မန့်ပေးသွားသည်။:

ကျွန်တော်၏ဝန်ခံချက်

စာချန်ထားခဲ့ပါ ....

နိုင်ငံအလိုက်လည်ကြသူများ

Flag Counter

လာရောက်ကြည့်ရှုသူများ