Tuesday, December 1, 2015
ဝင်းဒိုး 8 အတွက် .NET Framework 3.5 Offline Installer
ဒီဆော့ဝဲလ်လေးကတော့
Windows 8 အတွက်ပါ။ ကျွန်တော် Windows 8.1 နဲ့ 10 မှာမစမ်းဖူးလို့
သုံးလို့ရမရတော့မသိသေးပါဘူး။
ကျွန်တော့်အထင်တော့ရနိုင်ပါတယ်။ စမ်းကြည့်ကြပေါ့ဗျာ။ လွယ်ပါတယ်။ Windows 8 ကနေစပြီး Windows 8.1 , Windows 10
တို့မှာ .Net Framework 4.5 ကိုသာ Auto Install လုပ်ပြီး .Net Framework 3.5 ကို Windows တင်ပြီးတာနဲ့ အော်တိုအင်စတောမလုပ်ထားပါဘူး။
ကျွန်တော့် Laptop လေးမှာတော့ Windows 8 Professional ကိုသုံးပါတယ်။
တစ်ချို့ဆော့ဝဲလ်တွေသွင်းရင် .Net Framework 3.5 requires လို့ပြပြီး install ဆက်လုပ်လို့မရတော့ပါဘူး။ နောက်ပြီး .Net Framework 3.5 ကိုဒေါင်းလော့လုပ်မယ်ဆိုရင် ဖိုင်ဆိုဒ်က Megabyte(MB) 100 ကျော်တော့ မြန်မာပြည်က အင်တာနက်နဲ့အဆင်မပြေဘူး။ Telenor တို့ Ooredoo တို့ကလိုင်းကောင်းပေမယ့် ဘေလ်ဖိုးနဲ့မွဲမှာလေ …ဟားဟား :D အဲ့တော့ ဖိုင်ဆိုဒ်နည်းနည်းနဲ့ .Net Framework 3.5 ကို အင်စတောလုပ်နိုင်မယ့်နည်းလေး မျှဝေလိုက်ပါတယ်။

(မှတ်ချက် ။ ။ အခုမိတ်ဆွေသုံးနေတဲ့ Windows ရဲ့ Installation အခွေတော့ လိုမယ်နော်။)
ကဲ … ဒါဆိုစကြရအောင် …..အင်စတော လုပ်မယ့်ဆော့ဝဲလ်လေးကို ဒီမှာ ဒေါင်းလော့လိုက်နိုင်ပါတယ်။ ဖိုင်ဆိုဒ်လည်းနည်းလို့
ဒေါင်းရတာ
အဆင်ပြေမှာပါ။
ကဲ … Windows ရဲ့ Installation အခွေလည်းရှိပြီ။ ခုနက ဆော့ဝဲလ်လေးကို ဒေါင်းလော့လုပ်ပြီးပြီဆိုရင်
၁။ Windows Installation အခွေကိုစက်ထဲထည့်ပါ။
၂။ ခုနကဆော့ဝဲလ်လေးကို
Right click ပေးပြီး Run as administrator ကိုနှိပ်ပြီး run ပေးပါ။
၎။ ဟိုအပေါ်ကပုံလေးကိုထပ်ကြည့်ပါ။
အပြာလေးနဲ့ပြထားတဲ့ Browse ကိုနှိပ်ပြီးရင်
အောက်မှာပြထားတဲ့
ပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။ ကျွန်တော့်ဆီမှာတော့အခွေထည့်လိုက်ရင်
(F:) ဆိုတာပြပါတယ်။
ဘလော့မိတ်ဆွေတို့က (E:) မှာဆိုရင် E:\ ကိုရွေးပေးလိုက်ရုံပါပဲ။
ဘလော့မိတ်ဆွေတို့က (E:) မှာဆိုရင် E:\ ကိုရွေးပေးလိုက်ရုံပါပဲ။
၆။ ကျွန်တော် အပေါ်ဆုံးကအနီဝိုင်းထားတဲ့ဘေးက အတုံးလေးကိုနှိပ်လိုက်ရင်
ဖိုင်တွေအများကြီး
၇။ sources ဘေး အတုံးလေးကိုထပ်နှိပ်ပြီးရင် အပေါ်က ပုံအတိုင်းတွေ့ရမှာဖြစ်ပြီး
sxs
ဖိုင်ပေါ်ကိုကလစ်နှိပ်ပြီး OK ကိုနှိပ်လိုက်ပါ။ ပြီးရင်တော့ Start Installation ကိုနှိပ်လိုက်ရုံပါပဲ။
ဖိုင်ပေါ်ကိုကလစ်နှိပ်ပြီး OK ကိုနှိပ်လိုက်ပါ။ ပြီးရင်တော့ Start Installation ကိုနှိပ်လိုက်ရုံပါပဲ။
Install လုပ်တာလေးကတော့ နည်းနည်းလေး ကြာပါလိမ့်မယ်။
လေး ငါး မိနစ်လောက်ပေါ့။
"ကျွန်တော့်ဘလော့လေးကိုဘာရောက်အားပေးကြတဲ့ဘလော့မိတ်ဆွေတို့ကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။"
ဆက်သွယ်လို့ရပါတယ် ---> wailinzhtay2015@gmail.com
ခေါင်းစဉ်
Software ဆိုင်ရာ,
နည်းပညာဆိုင်ရာ
Subscribe to:
Post Comments (Atom)
လက်ရှိရေပန်းစားနေတာလေးတွေ
- မန်မိုရီစတစ် (USB ) ဖြင့် ဝင်းဒိုးတင်လိုသူများအတွက် Rufus 2.9
- COC Player များအတွက် Auto attack / Auto troop train / Auto farm / Auto troop request / Auto troop donate / Auto wall upgrade / Auto barrack boost / Auto King queen boost / Auto collector collect လုပ်ပေးမယ့် apk
- မန်မိုရီစတစ် (USB) ဖြင့် ဝင်းဒိုးတင်နည်း (Windows 7 တင်နည်းအပါအဝင်)
- သင့်ဖုန်း ဘက်ထရီကြာကြာ အသုံးခံစေမည့် နည်းလမ်း (၁၀) မျိုး
- Power ISO ဖြင့် image file လုပ်နည်း
စာချန်ထားခဲ့ပါ ....
ခေါင်းစဉ်အလိုက်ရှာရန်
- Android Application များ (6)
- Android OS ဆိုင်ရာ (2)
- Antivirus ဆိုင်ရာ (5)
- Facebook ဆိုင်ရာ (3)
- Hacking ဆိုင်ရာ (3)
- Software ဆိုင်ရာ (14)
- Virus ဆိုင်ရာ (2)
- ကွန်ပျူတာနည်းပညာဆိုင်ရာ (13)
- နည်းပညာဆိုင်ရာ (22)
- ဖုန်း Application ဆိုင်ရာ (7)
- ဖုန်းဗဟုသုတဆိုင်ရာ (4)
0 ယောက် ကွန်မန့်ပေးသွားသည်။:
Post a Comment