Wednesday, June 29, 2016
မန်မိုရီစတစ် (USB ) ဖြင့် ဝင်းဒိုးတင်လိုသူများအတွက် Rufus 2.9
ကျွန်တော်တို့ Windows တင်ဖို့အတွက် တချို့လက်တော့တွေမှာ DVD Drive မပါတာတို့ DVD Drive ရှိသော်လည်း တစ်ခုခုချို့ယွင်းခဲ့ရင် USB ကိုသုံးပြီး Windows တင်ရတော့မှာပါ။ ဒီတော့ USB ကနေ Windows boot တက်အောင်လုပ်ပေးမယ့်ဆော့ဝဲလေး တော့လိုတာပေါ့။ Rufus ကတော့ အဲ့ထဲကတစ်ခုပါပဲ။ Windows တင်မဟုတ်ဘဲ Linux နဲ့ firmware တင်ဖို့ပါသုံးနိုင်တယ်။ Linux ဆို အခုနောက်ထွက် Kali 2.0 ထိ support ဖြစ်ပါတယ်။ ဖိုင်ဆိုဒ်လည်းသေးပြီး အင်စတောလုပ်စရာလည်းမလိုပါဘူး။ ချက်ချင်းဖွင့် ချက်ချင်းသုံးနိုင်ပါတယ်။ အသုံးပြုပုံလေးကလည်း လွယ်ကူပါတယ်။ အောက်ကပုံလေးကို ကြည့်ရင် နားလည်မှာပါ ....
Start ကိုနှိပ်ပြီး လုပ်ငန်းစဉ် ပြီးတဲ့အထိ ခဏစောင့်ပေးပါ။ တစ်ခါတစ်ရံ ဒေါင်းဖို့ ဖိုင်တစ်ချို့လိုတယ်လို့ Message box လေးတတ်လာတတ်ပါတယ်။ ဒါဆို အင်တာနက်လေးခဏ ဖွင့်ပေးထားလိုက်ပါ။
Rufus 2.9 - ဒီမှာ ဒေါင်းပါ။
You will also like - မန်မိုရီစတစ် (USB) ဖြင့် ဝင်းဒိုးတင်နည်း (Windows 7 တင်နည်းအပါအဝင်)
ကျွန်တော်လည်း လေ့လာနေသူတစ်ဦးမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပါခင်ဗျာ ... ITWARE-II
ခေါင်းစဉ်
Software ဆိုင်ရာ
Subscribe to:
Post Comments (Atom)
လက်ရှိရေပန်းစားနေတာလေးတွေ
စာချန်ထားခဲ့ပါ ....
ခေါင်းစဉ်အလိုက်ရှာရန်
- Android Application များ (6)
- Android OS ဆိုင်ရာ (2)
- Antivirus ဆိုင်ရာ (5)
- Facebook ဆိုင်ရာ (3)
- Hacking ဆိုင်ရာ (3)
- Software ဆိုင်ရာ (14)
- Virus ဆိုင်ရာ (2)
- ကွန်ပျူတာနည်းပညာဆိုင်ရာ (13)
- နည်းပညာဆိုင်ရာ (22)
- ဖုန်း Application ဆိုင်ရာ (7)
- ဖုန်းဗဟုသုတဆိုင်ရာ (4)
0 ယောက် ကွန်မန့်ပေးသွားသည်။:
Post a Comment