Thursday, June 30, 2016
ကွန်ပျူတာသုံးသူတိုင်းမှာ ဆောင်ထားသင့်တဲ့ Ashampoo WinOptimizer 14 (For Windows)
File Size - 27.09 MB
ကျွန်တော်တို့ ကွန်ပျူတာအသုံးပြုသူတွေရဲ့ စက်ထဲမှာ Optimizer ဆော့ဝဲလေး တစ်ခုကတော့ ဆောင်ထားသင့်တယ်ဗျ။ စက်ပစ္စည်းဆိုသည့် အတိုင်းလည်း error ကတော့ရှိစမြဲပါ။ နောက်ပြီး အသုံးပြုတာကြာလာသည်နှင့်အမျှ Temporary files တွေ ပျက်သွားတဲ့ software အကြွင်းအကျန်တွေ Log files တွေ Error report ဖိုင်တွေ registry error တွေ internet cache တွေစသဖြင့်ပေါ့ ... အဲ့ဒါတွေက ဖျက်ပေးသင့်တာတွေကိုဖျက်ပေး၊ error တွေဆိုလည်း ပြန်ပြင်ပေးဖို့လိုပါတယ်။ မဟုတ်ရင်တော့ Windows ဟာအသုံးပြုရတာ လေးလာမှာပါ။ အဲ့လိုမဖြစ်ရလေအောင် Hard disk ထဲက မလိုအပ်တဲ့ဖိုင်တွေဖျက်ပေးရမယ်။ Defragment လုပ်ပေးခြင်းဟာလည်း Hard disk ထဲက ရှုပ်ထွေးနေတဲ့ဖိုင်တွေကို အစဉ်တိုင်းပြန်စီပေးတာကြောင့် Hard disk loading speed ကိုမြန်စေပြီး ကွန်ပျူတာကိုသွက်လက်စေမှာပါ။ ဒါ့အပြင် Windows ရဲ့အရေးကြီးအပိုင်းဖြစ်တဲ့ Registry ကို Clean လုပ်ပေးခြင်း Defragment လုပ်ပေးခြင်းဖြင့် Windows လုပ်ဆောင်မှုတွေကို မူလအတိုင်းကောင်းမွန်လာစမှာပါ။ ဒါတွေကတော့ ကွန်ပျူတာကို Optimize လုပ်ရာမှာအရေးကြီးတဲ့အချက်ပါ။ အဲ့လိုလုပ်ဆောင်ပေးဖို့ Windows မှာ Built-in software တချို့ပါပြီးသားဖြစ်ပေမယ့် Ashampoo WinOptimizer ကတော့ ပိုပြီးထိထိရောက်ရောက် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ Ashampoo WinOptimizer ကတော့ Optimizer တစ်ခုထက်ကိုပိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Windows, Hardware, Software နဲ့ ပက်သက်ပြီး Information တွေကြည့်နိုင်တဲ့ Control လုပ်နိုင်တဲ့ Functions တွေတော်တော်များများပါလာလို့ပါ။ ဘာ Function တွေပါတယ်ဆိုတာ အောက်မှာပုံနဲ့ဖော်ပြထားပါတယ်။ အများကြီးမို့လို့ ကျွန်တော်မရှင်းပြနိုင်တာခွင့်လွှတ်ပါ။ CPU model အမျိုးအစား၊ Motherboard အမျိုးအစား၊ Ram အမျိုးအစား စတဲ့ Information တွေကိုလည်း ဒီဆော့ဝဲလေးကနေ အသေးစိတ်ကြည့်ရှုနိုင်ပါသေးတယ်။ Windows system ပိုင်းကို manage လုပ်ချင်သလား။ Privacy တွေ Permission တွေကိုပြုပြင်မလား။ အများကြီးပါပဲ။ Function တစ်ခုကိုထောက်လိုက်တာနဲ့ ဒါကဘာအတွက် ဘာလုပ်တယ်ဆိုတာ Description လေးတွေဖော်ပြထားလို့ အသုံးပြသူတွေအတွက် အဆင်ပြေမှာပါ။ အားလုံးကတော့ အသုံးဝင်တဲ့ Tool တွေ Function တွေဆိုတာကိုတော့ ကျွန်တော်ပြောရဲပါတယ်...
Ashampoo WinOptimizer 14 - ဒီမှာ ဒေါင်းပါ။ (လင့်ကိုဖွင့်လိုက်ရင် Ashampoo official website ထဲရောက်သွားမှာဖြစ်ပြီး အစိမ်းရောင်နဲ့ Download Now ကိုနှိပ်ပြီး ဒေါင်းနိုင်ပါတယ်။)
Ashampoo WinOptimizer 14 Crack - ဒီမှာ ဒေါင်းပါ။
Install လုပ်နည်း -
- Ashampoo WinOptimizer 14 ကိုအင်စတောလုပ်ပါ။ အင်စတောလုပ်ပြီးရင် ဆော့ဝဲမဖွင့်ပါနဲ့ဦး။ Auto ပွင့်နေခဲ့ရင် ပိတ်လိုက်ပါ။ AWO Crack [itware2] folder ထဲက ash_inet2.dll ကို Copy (Ctrl+C) လုပ်ပြီး
- For 32bit - C:\Program Files\Ashampoo\Ashampoo WinOptimizer ထဲကို သွားပြီး Paste (Ctrl+V) လုပ်ပါ။
- For 64bit - C:\Program Files(x86)\Ashampoo\Ashampoo WinOptimizer ထဲကို သွားပြီး Paste (Ctrl+V) လုပ်ပါ။ ဒါပါပဲ။
- ဆော့ဝဲကိုဖွင့်လိုက်တာနဲ့ Full Version အနေနဲ့သုံးနိုင်ပါပြီ။
ကျွန်တော်လည်း လေ့လာနေသူတစ်ဦးမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပါခင်ဗျာ ... ITWARE-II
ခေါင်းစဉ်
Software ဆိုင်ရာ
Subscribe to:
Post Comments (Atom)
လက်ရှိရေပန်းစားနေတာလေးတွေ
-
မန်မိုရီစတစ် (USB ) ဖြင့် ဝင်းဒိုးတင်လိုသူများအတွက် Rufus 2.9
-
COC Player များအတွက် Auto attack / Auto troop train / Auto farm / Auto troop request / Auto troop donate / Auto wall upgrade / Auto barrack boost / Auto King queen boost / Auto collector collect လုပ်ပေးမယ့် apk
-
မန်မိုရီစတစ် (USB) ဖြင့် ဝင်းဒိုးတင်နည်း (Windows 7 တင်နည်းအပါအဝင်)
-
သင့်ဖုန်း ဘက်ထရီကြာကြာ အသုံးခံစေမည့် နည်းလမ်း (၁၀) မျိုး
-
Power ISO ဖြင့် image file လုပ်နည်း
စာချန်ထားခဲ့ပါ ....
ခေါင်းစဉ်အလိုက်ရှာရန်
- Android Application များ (6)
- Android OS ဆိုင်ရာ (2)
- Antivirus ဆိုင်ရာ (5)
- Facebook ဆိုင်ရာ (3)
- Hacking ဆိုင်ရာ (3)
- Software ဆိုင်ရာ (14)
- Virus ဆိုင်ရာ (2)
- ကွန်ပျူတာနည်းပညာဆိုင်ရာ (13)
- နည်းပညာဆိုင်ရာ (22)
- ဖုန်း Application ဆိုင်ရာ (7)
- ဖုန်းဗဟုသုတဆိုင်ရာ (4)
0 ယောက် ကွန်မန့်ပေးသွားသည်။:
Post a Comment