Saturday, December 12, 2015
Safe Mode သို့ဝင်နည်း
ကျွန်တော်တို့သာမန်ဆို Safe mode ဝင်မယ်ဆိုရင် Windows ကို Restart လုပ်ပြီး F8 ကိုနှိပ်ပြီးဝင်ရပါတယ်။ ဒီနည်းကတော့လူတိုင်းနီးပါး
သိပါတယ်။ တကယ်လို့ သင့်ကီးဘုတ်က တစ်ခုခုဖြစ်ခဲ့လို့ F8 နဲ့ Safe mode ဝင်လို့မရခဲ့ရင် နောက်တစ်နည်းနဲ့လည်းဝင်လို့ရတယ်ဆိုတာ
ပြောပြချင်ပါတယ်။
ဝင်းဒိုးတိုင်းဒီနည်းနဲ့ Safe mode ကိုဝင်လို့ရပါတယ်။ Windows 10 အပါအဝင်ပေါ့။ Windows + R ကိုနှိပ်ပြီး Run box ကိုဖွင့်ပါ။ msconfig ရိုက်ထည့်ပြီး Enter နှိပ်ပါ။ အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။
အပေါ်ကပုံထဲကအတိုင်း အနီနဲ့ပြထားတဲ့ Boot tab ကိုသွားပြီး အောက်နားလေးက Safe boot ကို အမှန်ခြစ်လေးပေးပြီး OK နှိပ်ပါ။
ပြီးရင် Restart လုပ်ခိုင်းပါလိမ့်မယ်။ Windows ပြန်တက်လာရင် F8 နှိပ်စရာမလိုပဲ Safe mode ကိုရောက်သွားပါလိမ့်မယ်။
တစ်ခုသတိထားရမှာက Safe mode နဲ့ Windows မတက်ချင်တော့ဘူးဆိုရင် ခုနကနည်းအတိုင်း အမှန်ခြစ်ကိုဖြုတ်ပြီး Restart လုပ်လိုက်ပါ။ ပုံမှန်ဝင်းဒိုးအတိုင်းပြန်တက်လာပါလိမ့်မယ်။
အဆင်ပြေကြပါစေ ...ကျွန်တော်လည်းလေ့လာနေသူတစ်ဦးမို့လို့ အမှားပါခဲ့ရင်ခွင့်လွှတ်ပါခင်ဗျာ ... ITWARE -II-
ခေါင်းစဉ်
ကွန်ပျူတာနည်းပညာဆိုင်ရာ,
နည်းပညာဆိုင်ရာ
Subscribe to:
Post Comments (Atom)
လက်ရှိရေပန်းစားနေတာလေးတွေ
-
မန်မိုရီစတစ် (USB ) ဖြင့် ဝင်းဒိုးတင်လိုသူများအတွက် Rufus 2.9
-
COC Player များအတွက် Auto attack / Auto troop train / Auto farm / Auto troop request / Auto troop donate / Auto wall upgrade / Auto barrack boost / Auto King queen boost / Auto collector collect လုပ်ပေးမယ့် apk
-
မန်မိုရီစတစ် (USB) ဖြင့် ဝင်းဒိုးတင်နည်း (Windows 7 တင်နည်းအပါအဝင်)
-
သင့်ဖုန်း ဘက်ထရီကြာကြာ အသုံးခံစေမည့် နည်းလမ်း (၁၀) မျိုး
-
Power ISO ဖြင့် image file လုပ်နည်း
စာချန်ထားခဲ့ပါ ....
ခေါင်းစဉ်အလိုက်ရှာရန်
- Android Application များ (6)
- Android OS ဆိုင်ရာ (2)
- Antivirus ဆိုင်ရာ (5)
- Facebook ဆိုင်ရာ (3)
- Hacking ဆိုင်ရာ (3)
- Software ဆိုင်ရာ (14)
- Virus ဆိုင်ရာ (2)
- ကွန်ပျူတာနည်းပညာဆိုင်ရာ (13)
- နည်းပညာဆိုင်ရာ (22)
- ဖုန်း Application ဆိုင်ရာ (7)
- ဖုန်းဗဟုသုတဆိုင်ရာ (4)
0 ယောက် ကွန်မန့်ပေးသွားသည်။:
Post a Comment