Saturday, December 12, 2015
Windows 10 မှာမြန်မာလိုပေါ်အောင်လုပ်နည်း
တချို့လည်း Windows 10 မှာမြန်မာလိုမပေါ်လို့နည်းလမ်းလေးတွေ တောင်းဆိုနေတာတွေ့ရတာနဲ့ ကျွန်တော်လည်းမနေ့က Windows 10 Pro Insider 64bit လေးသွင်းပြီးလုပ် ကြည့်လိုက်ပါတယ်။ ချောချောမူမူပဲရသွားပါပြီ။ အဆင်မပြေသေးတဲ့သူများအတွက် မျှဝေပေးလိုက်ပါတယ်။လုပ်နည်းလေးကို အောက်မှာကြည့်ရှုနိုင်ပါတယ်။
32bit(x86) အတွက်အောက်ကဖိုင်ကိုဒေါင်းလော့လုပ်ရပါမယ်။
Zawgyi keyboard installer - Download here
64bit(x64) အတွက်အောက်ကနှစ်ခုလုံးကိုဒေါင်းလော့လုပ်ရပါမယ်။
Zawgyi keyboard installer - Download here
Zawgyi keyboard L - Download here
Install လုပ်နည်း -
Zawgyi keyboard installer ကို Safe mode မှာ Install လုပ်ပါ။
Safe mode ဘယ်လိုဝင်လဲမသိရင်တော့ - Safe mode သို့ဝင်နည်း
သင့် system type က 64bit ဆိုရင်တော့ ဒုတိယဒေါင်းလော့လုပ်ထားတဲ့ Zawgyi keyboard L ကိုအင်စတောဆက်လုပ်ပါ။
(32bit သွင်းရန်မလိုပါ။)
ပြီးရင် Restart လုပ်ပေးပါ။ ဒါဆို ဖိုင်တွေကော စာတွေကော မြန်မာလိုပေါ်ပြီး ဖတ်လို့ရပါပြီ။
စာရိုက်လို့မရသေးရင်တော့ အောက်ပါအတိုင်းလုပ်ဆောင်ကြည့်ပါ။
Windows icon ပုံလေးကို Right click ပေးပြီး Control Panel ကိုသွားပါ။
အောက်ကပုံအတိုင်း Add a language (or) Change input methods ကိုနှိပ်ပါ။
Option ကိုဆက်နှိပ်ပါ။
အောက်ကပုံအတိုင်းပေါ်လာမှာဖြစ်ပြီး Alpha Zawgyi Myanmar Unicode 2008 နဲ့ Zawgyi Myanmar Unicode L ကိုမတွေ့ရင်တော့
Add an input method ကိုကလစ်နှိပ်ပြီး နှစ်ခုလုံးကိုထည့်ပေးရပါမယ်။ (32bit မှာတော့ Zawgyi Myanmar Unicode L ထည့်ရန်မလို။)

မြန်မာ အင်္ဂလိပ်ပြောင်းရင်တော့ Windows + Space bar နဲ့ပြောင်းရမှာပါ။ Ctrl+Shift နဲ့ပြောင်းလို့ရတဲ့နည်းလေးရရင်လဲ
ပြောပါဦးခင်ဗျာ။ ကဲ ... ကျွန်တော်ကိုယ်တိုင်လည်းဒီနည်းနဲ့အဆင်ပြေသွားတာပါ။ မရှင်းတာရှိရင် ကွန်မန့်ပေးခဲ့ပါ။
အဆင်ပြေကြပါစေ ...ကျွန်တော်လည်းလေ့လာနေသူတစ်ဦးမို့လို့ အမှားပါခဲ့ရင်ခွင့်လွှတ်ပါခင်ဗျာ ... ITWARE -II-
ခေါင်းစဉ်
ကွန်ပျူတာနည်းပညာဆိုင်ရာ,
နည်းပညာဆိုင်ရာ
Subscribe to:
Post Comments (Atom)
လက်ရှိရေပန်းစားနေတာလေးတွေ
-
မန်မိုရီစတစ် (USB ) ဖြင့် ဝင်းဒိုးတင်လိုသူများအတွက် Rufus 2.9
-
COC Player များအတွက် Auto attack / Auto troop train / Auto farm / Auto troop request / Auto troop donate / Auto wall upgrade / Auto barrack boost / Auto King queen boost / Auto collector collect လုပ်ပေးမယ့် apk
-
မန်မိုရီစတစ် (USB) ဖြင့် ဝင်းဒိုးတင်နည်း (Windows 7 တင်နည်းအပါအဝင်)
-
သင့်ဖုန်း ဘက်ထရီကြာကြာ အသုံးခံစေမည့် နည်းလမ်း (၁၀) မျိုး
-
Power ISO ဖြင့် image file လုပ်နည်း
စာချန်ထားခဲ့ပါ ....
ခေါင်းစဉ်အလိုက်ရှာရန်
- Android Application များ (6)
- Android OS ဆိုင်ရာ (2)
- Antivirus ဆိုင်ရာ (5)
- Facebook ဆိုင်ရာ (3)
- Hacking ဆိုင်ရာ (3)
- Software ဆိုင်ရာ (14)
- Virus ဆိုင်ရာ (2)
- ကွန်ပျူတာနည်းပညာဆိုင်ရာ (13)
- နည်းပညာဆိုင်ရာ (22)
- ဖုန်း Application ဆိုင်ရာ (7)
- ဖုန်းဗဟုသုတဆိုင်ရာ (4)
0 ယောက် ကွန်မန့်ပေးသွားသည်။:
Post a Comment