Sunday, December 13, 2015
မန်မိုရီစတစ်ထဲ ဖိုင်ကူးတာ ယူတာမြန်အောင်လုပ်နည်း
အားလုံးပဲမင်္ဂလာပါ ..... ဒီနေ့တော့ မန်မိုရီစတစ်ထဲ ဖိုင်ကူးတာ ယူတာမြန်အောင် လုပ်မယ့်နည်းလေးရေးသားဖော်ပြလိုက်ပါတယ်။
ကျွန်တော်တို့ ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ဖိုင်ဆိုဒ်သေးသေးလေးကအစ ရွှေ့ပြောင်းရာမှာ Pen drive (or) USB ကိုအများဆုံးအသုံးပြု
ကြပါတယ်။ ကျွန်တော်တို့လက်ရှိအသုံးများတဲ့ USB port version ကတော့ USB 2.0 ပါ။ File Transfer rate က 35mbps နှုန်းရှိပါတယ်။
သို့ပေမယ့်လည်း ဖိုင်ဆိုဒ်ကြီးလေကြာလေ ဆိုတာကို စာဖတ်မိတ်ဆွေတို့လည်းသိကြမှာပါ။ ကြာတယ်ဆိုတဲ့စကားကို လူတိုင်းမကြိုက်ကြပါဘူး။
ဒါကြောင့် မန်မိုရီစတစ်ထဲ ဖိုင်ကူးတာ ယူတာမြန်အောင် လုပ်နည်းအချို့ကို အောက်မှာဖော်ပြလိုက်တယ်။
၁. ကျွန်တော်တို့ မန်မိုရီစတစ်မှာသုံးထားတဲ့ File system က NTFS ကိုပြောင်းပေးရပါမယ်။ USB အများစုကတော့ FAT32
နဲ့ပဲလာတာများ ပါတယ်။ NTFS ပြောင်းဖို့အတွက် Computer ထဲကိုဝင်ပါ။ USB Drive ပေါ်ရာနေရာကို Right click ပေးပြီး Format
ကိုနှိပ်ပါ။ File system ကို FAT32 နေရာမှာ NTFS ကိုရွေးပေးပါ။ Quick format ကိုအမှန်ခြစ်ဖြုတ်ပြီး Start ကိုနှိပ်ပါ။
အချိန်အနည်းငယ်တော့ ကြာပါလိမ့်မယ်။
ဒီနေရမှာ FAT32 နဲ့ NTFS လေးကိုနည်းနည်းရှင်းပြချင်ပါတယ်။ FAT32 ကတော့ USB တော်တော်များများအသုံးပြုတာဖြစ်ပြီး သင်က
အချက်အလက်တွေ၊ သီချင်းတွေ၊ ဇာတ်လမ်းတွေ နဲ့ 2GB အောက်လောက်ပဲအသုံးပြုမယ်ဆိုရင်တော့ FAT32 နဲ့အဆင်ပြေ လုံလောက်ပါတယ်။
4GB အထက်ဆို FAT32 မှာဖိုင်တွေကူးဖို့လက်မခံပါဘူး။
ဖိုင်ဆိုဒ် အရမ်းများတဲ့ RAR, ZIP archive တွေအပြင် 4GB အထက်ရှိတဲ့ဖိုင်တွေကို ထည့်သွင်းမယ်ဆိုရင်တော့ NTFS ကအဆင်ပြေပါတယ်။
နောက်ပြီး NTFS file system ကိုသုံးခြင်းအားဖြင့် USB ကနေ Windows ကိုတင်ချင်တယ်ဆိုရင်လည်း အဆင်ပြေပါတယ်။
တစ်ခုသိထားရမှာက NTFS file system က MAC OS မှာ မဖတ်နိုင်ပါဘူး။ MAC OS X မှာတော့ ဖတ်နိုင်ပါတယ်။
ဗဟုသုတအနေနဲ့ ဖြည့်စွက်ရေးလိုက်ပါတယ်။
၂. Disk errors များကို စစ်ဆေးခြင်းဖြင့်လည်း အသုံးပြုရမြန်ဆန်စေပါတယ်။ USB Drive ပေါ်ရာနေရာကို Right click ပေး Properties
ထဲက Tools ကိုသွားပြီး Check ကိုနှိပ်ပြီး Disk errors များကိုစစ်ဆေးနိုင်ပါတယ်။
၃. နောက်တစ်ခုကတော့ သင့်မန်မိုရီစတစ် အသုံးပြုတာကြာလာရင်လဲ ဖိုင်တွေအရမ်းထည့်တာများနေရင်လည်းလေးနေတတ်လို့
Quick format နဲ့ Format လုပ်ပေးခြင်းဟာလည်း မြန်ဆန်စေမယ့်နည်းလမ်းလေးပါ။
၎. နောက်ဆုံးတစ်ခုကတော့ ကျွန်တော်အပေါ်မှာပြောခဲ့တဲ့အတိုင်း Properties ထဲကိုဝင်ပါ။ Hardware tab ကိုသွားပြီး
မန်မိုရီစတစ် ကို Doucle click နှိပ်ပါ။ Sony ဆို Sony Storage Media Device ဆိုပြီးရေးထားပါတယ်။
အမျိုးစားပေါ်လိုက်ပြီးနာမည်ကွဲမှာပါ။ Double click နှိပ်ပြီး လေးထောင့်ကွက်လေးပေါ်လာပါလိမ့်မယ်။
သူ့အောက်က Change settings ကိုနှိပ်ပါ။ အောက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပြီး Policies tab ကိုမှာ Better Performace
ကိုရွေးပြီး OK နှိပ်ပါ။ ဒါဆိုရင်တော့ USB ဖိုင်တွေသွင်းတာ ထည့်တာသိသိသာသာမြန်လာပါလိမ့်မယ်။
သင်သတိထားရမှာတစ်ခုကတော့ မန်မိုရီစတစ်ကို ကွန်ပျူတာမှဖြုတ်တိုင်း Screen အောက်နား အစိမ်းရောင်အမှန်ခြစ်နဲ့ USB
ကိုနှိပ်ပြီး သင်ဖြုတ်မယ့် USB ကိုရွေးချယ်ကာ Safety Remove Hardware အနေနဲ့ဖြုတ်ပေးရပါမယ်။
အဆင်ပြေကြပါစေ ...ကျွန်တော်လည်းလေ့လာနေသူတစ်ဦးမို့လို့ အမှားပါခဲ့ရင်ခွင့်လွှတ်ပါခင်ဗျာ ... ITWARE -II-
ခေါင်းစဉ်
ကွန်ပျူတာနည်းပညာဆိုင်ရာ,
နည်းပညာဆိုင်ရာ
Subscribe to:
Post Comments (Atom)
လက်ရှိရေပန်းစားနေတာလေးတွေ
-
မန်မိုရီစတစ် (USB ) ဖြင့် ဝင်းဒိုးတင်လိုသူများအတွက် Rufus 2.9
-
COC Player များအတွက် Auto attack / Auto troop train / Auto farm / Auto troop request / Auto troop donate / Auto wall upgrade / Auto barrack boost / Auto King queen boost / Auto collector collect လုပ်ပေးမယ့် apk
-
မန်မိုရီစတစ် (USB) ဖြင့် ဝင်းဒိုးတင်နည်း (Windows 7 တင်နည်းအပါအဝင်)
-
သင့်ဖုန်း ဘက်ထရီကြာကြာ အသုံးခံစေမည့် နည်းလမ်း (၁၀) မျိုး
-
Power ISO ဖြင့် image file လုပ်နည်း
စာချန်ထားခဲ့ပါ ....
ခေါင်းစဉ်အလိုက်ရှာရန်
- Android Application များ (6)
- Android OS ဆိုင်ရာ (2)
- Antivirus ဆိုင်ရာ (5)
- Facebook ဆိုင်ရာ (3)
- Hacking ဆိုင်ရာ (3)
- Software ဆိုင်ရာ (14)
- Virus ဆိုင်ရာ (2)
- ကွန်ပျူတာနည်းပညာဆိုင်ရာ (13)
- နည်းပညာဆိုင်ရာ (22)
- ဖုန်း Application ဆိုင်ရာ (7)
- ဖုန်းဗဟုသုတဆိုင်ရာ (4)
0 ယောက် ကွန်မန့်ပေးသွားသည်။:
Post a Comment