Friday, December 11, 2015
Shutdown Virus လေးဖန်တီးကြမယ်။
ခုတလောနည်းပညာပိုင်းလေးတွေလေ့လာရင်း Shutdown Virus ဖန်တီးနည်းလေးကိုတွေ့တာနဲ့မျှဝေပေးလိုက်ပါတယ်။
လုပ်နည်းလေးကလည်းလွယ်တဲ့အတွက်ကြောင့် မည်သူမဆိုစမ်းကြည့်လို့ရပါတယ်။ Shutdown Virus ဆိုတဲ့အတိုင်း
ဒီ Virus ကိုနှိပ်မိရင်ကွန်ပျူတာကို Shutdown ဖြစ်သွားမှာပါ။ လုပ်နည်းလေးကိုအောက်မှာပုံလေးတွေနဲ့ရှင်းပြထားပါတယ်။
Desktop ပေါ်ကို Right click နှိပ်၊ New ထဲက Shortcut ကိုရွေးပါ။
ပြီးရင် ဒီစာလေးတွေကို ကော်ပီကူးပြီးထည့်ပါ။ %windir%\system32\shutdown.exe -s -t 0

ထည့်ပြီးသွားရင်တော့ Finish နှိပ်ပါ။ ဒါဆို Desktop မှာ shutdown (or) shutdown.exe ဆိုပြီး ဖိုင်အသစ်တစ်ခုကိုမြင်ရပါမယ်။
ဒီတိုင်းဆိုရင်တော့ လူတွေရိပ်မိမယ်လေ။ အဲ့တော့မရိပ်မိအောင် .... နာမည်ပြောင်း၊ ပုံစံ (icon) လေး Change ရမှာပေါ့။
ကျွန်တော်တို့ မရိပ်မိအောင် Firefox ပုံလေးပြောင်းမယ်ဗျာ။ ဒါမှမသိတဲ့သူက Firefox ထင်ပြီးနှိပ်မိရင် Shutdown ကျမှာလေ။
(Firefox မဟုတ်ပဲတခြားတစ်ခုပြောင်းလဲရပါတယ်။)
ပထမဆုံး ခုနက Shutdown ရှော့ကတ်လေးကို Right click ပေးပြီး Rename ကိုနှိပ်ကာ Firefox လို့ရိုက်ပြီးနာမည်ပြောင်းပါမယ်။
ဒုတိယကတော့ Firefox ပုံလေးပြောင်းသွားအောင်လုပ်မှာပါ။ Desktop ပေါ်က Firefox ကို Right click ပေးပြီး Properties ထဲဝင်ပါ။

ထို့နောက် Change Icon... ကိုကလစ်ပြီး Browse ဘေးက စာတန်းလေးကို ကောပီကူးပါ။
ခုနက shutdown ရှော့ကတ်လေးကို Right click ပေး Properties ထဲက Change Icon... ကိုနှိပ်ပြီး Browse ဘေးကစာတန်းတွေကိုဖျက်ပြီး ခုနက ကော်ပီကူးထားတာကို ထည့်လိုက်ပါ။ ပြီးရင် OK နှိပ်ပါ။
ဒါဆိုရင်တော့ Shutdown Shortcut လေးက Firefox ပုံလေးပြောင်းသွားပါပြီ။
ကဲ ... မတော်တဆ Firefox ကိုနှိပ်မိလိုက်ရင်တော့ Windows is shutting down ဆိုပြီး ပိတ်သွားမှာပါ။
အဆင်ပြေကြပါစေ ...ကျွန်တော်လည်းလေ့လာနေသူတစ်ဦးမို့လို့ အမှားပါခဲ့ရင်ခွင့်လွှတ်ပါခင်ဗျာ ... ITWARE -II-
ခေါင်းစဉ်
Virus ဆိုင်ရာ,
ကွန်ပျူတာနည်းပညာဆိုင်ရာ,
နည်းပညာဆိုင်ရာ
Subscribe to:
Post Comments (Atom)
လက်ရှိရေပန်းစားနေတာလေးတွေ
-
မန်မိုရီစတစ် (USB ) ဖြင့် ဝင်းဒိုးတင်လိုသူများအတွက် Rufus 2.9
-
COC Player များအတွက် Auto attack / Auto troop train / Auto farm / Auto troop request / Auto troop donate / Auto wall upgrade / Auto barrack boost / Auto King queen boost / Auto collector collect လုပ်ပေးမယ့် apk
-
မန်မိုရီစတစ် (USB) ဖြင့် ဝင်းဒိုးတင်နည်း (Windows 7 တင်နည်းအပါအဝင်)
-
သင့်ဖုန်း ဘက်ထရီကြာကြာ အသုံးခံစေမည့် နည်းလမ်း (၁၀) မျိုး
-
Power ISO ဖြင့် image file လုပ်နည်း
စာချန်ထားခဲ့ပါ ....
ခေါင်းစဉ်အလိုက်ရှာရန်
- Android Application များ (6)
- Android OS ဆိုင်ရာ (2)
- Antivirus ဆိုင်ရာ (5)
- Facebook ဆိုင်ရာ (3)
- Hacking ဆိုင်ရာ (3)
- Software ဆိုင်ရာ (14)
- Virus ဆိုင်ရာ (2)
- ကွန်ပျူတာနည်းပညာဆိုင်ရာ (13)
- နည်းပညာဆိုင်ရာ (22)
- ဖုန်း Application ဆိုင်ရာ (7)
- ဖုန်းဗဟုသုတဆိုင်ရာ (4)
0 ယောက် ကွန်မန့်ပေးသွားသည်။:
Post a Comment