Thursday, December 10, 2015
Android ဖုန်းတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ There is a problem parsing the package(Parse error) နှင့်ဖြေရှင်းနည်း
ကျွန်တော်တို့ Android ကိုဘာဖြစ်လို့အသုံးများကြလဲဆိုရင် ဈေးလဲသက်သာတာက တစ်ပိုင်း၊ Application တွေလည်းပေါများတာ
ကလည်းတစ်ပိုင်းအပါအဝင်ပေါ့။ စက်ပစ္စည်းဆိုသည့်အတိုင်း Error ကတော့ရှိဖြစ်မြဲပါ။ ကျွန်တော်တို့ Android ဖုန်းတွေမှာ error 492,
error 498, parse error တွေဖြစ်တတ်ကြပါတယ်။ ဒီနေ့တော့အဖြစ်များတဲ့ Parse error အကြောင်းလေးနဲ့ပက်သက်တာလေး တွေပြောချင်ပါတယ .....
ကျွန်တော့်ကြုံဖူးတာနဲ့ပြောရမယ်ဆိုရင် Parse error ကနှစ်မျိုးရှိပါတယ်။ ပထမတစ်ခုကတော့ apk အင်စတောလုပ်ရင် ပေါ်လာတတ်ပါတယ်။
ဒုတိယတစ်ခုကတော့ ဖုန်းသုံးနေရင်းနဲ့ကို ရုတ်တရက် Parse error ဆိုပြီးပေါ်လာတာလည်းရှိပါတယ်။ ကျွန်တော့်ဖုန်းဆိုဒုတိယတစ်ခုပေါ့။
ဖုန်းသုံးနေရင်းကိုမှာပဲ Parse error ဆိုပြီးပေါ်ပေါ်တယ်။ နောက်ပြီး application တွေကိုဒေါင်းလော့မလုပ်ပဲ အင်စတော လုပ်မလားဆိုပြီး
ခဏခဏကိုမေးနေတော့တာပဲ။ သင့်ဖုန်းမှာ ဒုတိယတစ်ခုလို Parse error ဖြစ်နေပြီးဆိုရင်တော့ Factory reset လုပ်လိုက်တာသင့်တော်
မယ်ထင်ပါတယ်။ သင့်ဖုန်းထဲကအရေးကြီးတဲ့ဖိုင်တွေ ဓါတ်ပုံတွေကိုတော့ Laptop လေးရှိရင်ခဏတာသိမ်းထားဖို့ထည့်ထားလိုက်ပါ။
ပထမတစ်ခုကတော့ apk အင်စတောလုပ်ရင် Parse Error ဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့ -
သင့် Android version နဲ့မကိုက်ညီတာလဲဖြစ်နိုင်ပါတယ်။ ဥပမာ-သင့် apk က Android 4 အထက်သုံးလို့ရမှာဖြစ်ပြီး သင့်သုံးနေတဲ့
Android version က သူတို့သတ်မှတ်ထားတာထက်နိမ့်နေရင်လည်းဖြစ်တတ်ပါတယ်။) သေချာအောင် Android version မြင့်တာသုံး
တဲ့သင့်သူငယ်ချင်းဖုန်းမှာဖြစ်ဖြစ်စမ်းကြည့်ပေါ့။ အဲ့ဒိလိုမှမဟုတ်ရင် သင့်အင်စတောလုပ်မယ့် apk ရဲ့ ဘားရှင်းအဟောင်းကိုသုံးကြည့်ပါ။
ဒါမှမဟုတ် Android version ကို Upgrade လုပ်ပါ။
ဒေါင်းလော့လုပ်ထားတဲ့ apk ဖိုင်ကြောင့်လည်းဖြစ်တတ်ပါတယ်။ သေချာအောင် သင့် apk ဖိုင်ပြန်ဒေါင်းလော့လုပ်ပြီး အင်စတော
လုပ်ကြည့်ပါ။ နောက်ပြီး Android မှာ default ပါဝင်တဲ့ Security ကြောင့်လည်းမရတာရှိတတ်ပါတယ်။ အခုသင်အင်စတောလုပ်မယ့်
apk က Android security ကလက်မခံထားတဲ့ Other sources ဖြစ်နေခဲ့ရင် Unknow sources ကို အမှန်ခြစ်လေးပေးထားဖို့လိုပါ
လိမ့်မယ်။ ဘယ်လိုလုပ်မလဲဆိုတော့ - Setting > Security > Unknown sources (or) Setting > Application > Unknown sources ကိုအမှန်ခြစ်လိုက်ရုံပါ။
အပေါ်ကနည်းတွေအတိုင်းလုပ်ကြည့်ပြီးမှ မရမှအဆုံး Factory reset လုပ်လိုက်ပါ။ Android version နိမ့်နေတာကြောင့်ဆိုရင်တော့မလုပ်ပါနဲ့။
နောက်ထပ်နည်းတွေရှိရင်လည်း Comment box မှာအကြံပေးခဲ့ပါဦး။ ကျွန်တော်လည်းလေ့လာနေသူတစ်ဦးမို့လို့ အမှားပါခဲ့ရင်ခွင့်လွှတ်ပါခင်ဗျာ ... ITWARE -II-
ခေါင်းစဉ်
Android OS ဆိုင်ရာ,
နည်းပညာဆိုင်ရာ,
ဖုန်းဗဟုသုတဆိုင်ရာ
Subscribe to:
Post Comments (Atom)
လက်ရှိရေပန်းစားနေတာလေးတွေ
-
မန်မိုရီစတစ် (USB ) ဖြင့် ဝင်းဒိုးတင်လိုသူများအတွက် Rufus 2.9
-
COC Player များအတွက် Auto attack / Auto troop train / Auto farm / Auto troop request / Auto troop donate / Auto wall upgrade / Auto barrack boost / Auto King queen boost / Auto collector collect လုပ်ပေးမယ့် apk
-
မန်မိုရီစတစ် (USB) ဖြင့် ဝင်းဒိုးတင်နည်း (Windows 7 တင်နည်းအပါအဝင်)
-
သင့်ဖုန်း ဘက်ထရီကြာကြာ အသုံးခံစေမည့် နည်းလမ်း (၁၀) မျိုး
-
Power ISO ဖြင့် image file လုပ်နည်း
စာချန်ထားခဲ့ပါ ....
ခေါင်းစဉ်အလိုက်ရှာရန်
- Android Application များ (6)
- Android OS ဆိုင်ရာ (2)
- Antivirus ဆိုင်ရာ (5)
- Facebook ဆိုင်ရာ (3)
- Hacking ဆိုင်ရာ (3)
- Software ဆိုင်ရာ (14)
- Virus ဆိုင်ရာ (2)
- ကွန်ပျူတာနည်းပညာဆိုင်ရာ (13)
- နည်းပညာဆိုင်ရာ (22)
- ဖုန်း Application ဆိုင်ရာ (7)
- ဖုန်းဗဟုသုတဆိုင်ရာ (4)
0 ယောက် ကွန်မန့်ပေးသွားသည်။:
Post a Comment