Sunday, November 29, 2015

Panda Cloud Cleaner နဲ့ဗိုင်းရပ်ကို ဘယ်လိုရှင်းမလဲ (ပထမနည်း)


ဒါကတော့ ဒီပိုစ့်ရဲ့အဆက်ပါ။ "ကွန်ပျူတာမှာရှိတဲ့ဗိုင်းရပ်တွေကို လုံးဝဖယ်ရှားချင်ပါသလား? Panda Cloud Cleaner လေးနဲ့ပိုးသတ်ဆေးဖျန်းရအောင်။ (December Special)"

ပထမနည်း

1. Panda Cloud Cleaner.exe ကိုဒေါင်းလော့လုပ်ပါ။ 
 
2. ဒေါင်းလော့လုပ်ပြီးသွားပြီဆိုရင်တော့ Panda Cloud Cleaner.exe ကို Double Click နှိပ်ပြီး Run ပါ။
3. Next ကိုကလစ်ပါ။

4. Install လုပ်နေပါလိမ့်မယ်။
 
5. Installation ပြီးသွားပြီဆိုရင်တော့ Launch Panda Cloud Cleaner ကိုအမှန်လေးခြစ်ပြီး Finish
   ကိုနှိပ်ပါ။
 
6. Accept and Scan ကိုကလစ်နှိပ်ပါ။ မနှိပ်ခင် Internet ဖွင့်ထားပါ။
 
7. Downloading Update လို့ပေါ်လာပြီး လိုအပ်တဲ့ဖိုင်တချို့ကို ဒေါင်းလော့လုပ်နေပါလိမ့်မယ်။
    လိုင်းကောင်းရင် ငါးမိနစ်နီးပါးလောက်ပဲကြာပါတယ်။
 
8. Update ပြီးသွားရင်တော့ Scan လုပ်နေပါလိမ့်မယ်။ ကိုယ့်စက်ထဲမှာ ဖိုင်တွေသွင်းထားတဲ့အပေါ်
    မူတည်ပြီးကြာပါလိမ့်မယ်။ ကျွန်တော်ကတော့ ၁၀ မိနစ်လောက်ကြာပါတယ်။
 
9. အင်တာနက်ကိုဖွင့်ပေးထားပါ။ မပိတ်ပါနဲ့။ 
 
10. Applying Disinfection လုပ်နေပါလိမ့်မယ်။ အဲ့ဒါပြီးရင်တော့ Scan ပြီးဆုံးကြောင်းပြောပါလိမ့်မယ်။
11. အဲ့ဒိနောက် Virus တွေ ရှင်းဖို့ Clean ဆိုတာကို နှိပ်လိုက်ရုံပါပဲ။ ပြီးရင်တော့ Restart လုပ်ပေးပါ။
 
 အဆင်မပြေတာရှိရင် Comment မှာရေးထားခဲ့ပါခင်ဗျာ။
 

0 ယောက် ကွန်မန့်ပေးသွားသည်။:

ကျွန်တော်၏ဝန်ခံချက်

စာချန်ထားခဲ့ပါ ....

နိုင်ငံအလိုက်လည်ကြသူများ

Flag Counter

လာရောက်ကြည့်ရှုသူများ